Friday, July 24, 2026

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka...

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည်...

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsလူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးသည့်နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအကြောင်း...

လူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးသည့်နည်းလမ်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးမည်

ရန်ကုန်၊ ဇူလိုင်-၂၂

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် IOM Myanmar တို့ ပူးပေါင်းပြီး ကမ္ဘာ့လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ (World Day Against Trafficking in Persons) အထိမ်းအမှတ်အဖြစ် “Lives Behind Scam” ကမ်ပိန်းကို အမေရိကန်စင်တာရန်ကုန်၌ ဇူလိုင် (၃၀)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဇူလိုင်(၃၀)ရက် မနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး လူကိုယ်တိုင်တက်ရောက်နိုင်သကဲ့သို့ အွန်လိုင်းမှ နားထောင်နိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

လူကုန်ကူးသူများ၏ လှည့်ဖြားစည်းရုံးသည့် နည်းလမ်းများ ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၏ လှုပ်ရှားဆောင်ရွက်ပုံများအပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အသိပညာပေးမှုများ ၊ အတင်းအကျပ် ပြစ်မှုကျုးလွန်ရန် ခိုင်းစေခံရသည့် လူကုန်းကူးခံရမှုများမှ ထိခိုက်လွယ်သူများကို အကာအကွယ်ပေးနိုင်မည့်အကြောင်းအရာများ သံတမန်များနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဆီက တိုက်ရိုက်ကြားသိရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်စင်တာရန်ကုန်တွင် တိုက်ရိုက် ပါဝင်တက်ရောက်နိုင်မည်ဖြစ်ပြီး တက်ရောက်နိုင်မည် လူဦးရေကန့်သတ်ထားခြင်းကြောင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်​ရန်ကုန်၊ ဇူလိုင် ၂၄​ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ရာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ်...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka မြို့ရှိ Nagai Stadium တွင် တောင်ကိုရီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းနောက် ဒုတိယအုပ်စုပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် Nagai Stadium ၌ပင် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။ ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂...

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071