Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsလုံခြုံရေးအကြောင်းပြချက်ဖြင့် လိုင်စင်/ပါမစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုရန်...

လုံခြုံရေးအကြောင်းပြချက်ဖြင့် လိုင်စင်/ပါမစ်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုရန် စီစဉ်​နေမူအ​ပေါ်အမြင်များ

မြန်မာနိုင်ငံတွင် သာမန်အရပ်သားပြည်သူများ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ ၊ ပြည်သူ့စစ်များနှင့်လုံခြုံရေးအဖွဲ့များအား လုံခြုံရေးအတွက် လိုအပ်ပါက သေနတ်ကိုင်ဆောင်ခွင့်ပြုရန် နစကက ဇန်နဝါရီ (၃၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလက ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၉/၂ ၀၂၂)၏ သဘောတူ ခွင့်ပြုချက်အရ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် လက်နက်လိုင်စင်ပုံစံအမှတ်(၁၆) စာအုပ်တို့အား အမိန့်အမှတ် (၅၄/၂၀၂၃)ဖြင့် ဇန်နဝါရီ (၃၁) ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအရ မြန်မာနိုင်ငံတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် လုံခြုံမှုအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်ပါက အစိုးရက ခွင့်ပြုထားသည့် သေနတ်များကို လိုင်စင် သို့မဟုတ် ပါမစ် ဖြင့်ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် လက်နက်လိုင်စင်ပုံစံ အမှတ်(၁၆) အရ ကိုင်ဆောင်ခွင့်ပြုမည့် သေနတ်အမျိုးအစားများမှာ ၉ မမ အမျိုးအစား သေနတ်များ၊ (.၂၂) အမျိုးအစား သေနတ်၊ ရိုင်ဖယ်နှင့် စက်ကလေး အမျိုးအစား သေနတ်များ၊ အမဲလိုက်သေနတ်နှင့် လေသေနတ်အမျိုးအစားများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အမိန့်ထုတ်ပြတ်ချက်အရ သာမန်အရပ်သား ပြည်သူများအနေဖြင့် လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်နိုင်ပြီး ပါမစ်ဖြင့် ကိုင်ဆောင်ရမည့် သေနတ်များကို အစိုးရပိုင်သေနတ်အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါ အုပ်စုထဲတွင် ပါဝင်သည့် ရိုင်ဖယ်နှင့် စက်ကလေး အုပ်စုဝင်သေနတ်များကို ဒေသန္တာရလုံခြုံရေးအဖွဲ့များ၊ သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့အစည်း(မူရင်းအသုံးအနှုန်းဖြစ်ပါသည်) ပြည်သူ့စစ်အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

လိုင်စင်၊ ပါမစ်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်များတွင် အဝေးကြည့်မှန်ပြောင်း(Telescopic Sight)၊အထူးပြုလုပ်ထားသော ချိန်ဆိုဒ်အမျိုးမျိုး(Types of Modified Sights)၊အသံတိတ်စေသောကိရိယာ(Silencer) ကိရိယာများ တပ်ဆင်အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း သိရသည်။

လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်သူများသည် နိုင်ငံတော်၏ လုံခြုံတည်ငြိမ်ရေးကို အနှောင့်အယှက်ပြုနိုင်သူများ၊ ဥပ​ဒေအရ အရေးယူခြင်းခံရဖူးသူများ၊ စိတ်ပေါ့သွပ်သူများ မဖြစ်ရဟုလည်း ကန့်သတ်တားမြစ်ထားသည်။

လိုင်စင်/ ပါမစ်ဖြင့် သေနတ်ကိုင်ဆောင်လိုပါက ပြည်သူ့ဝန်ထမ်း မဟုတ်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာရဲစခန်းတို့မှ (၁) လအတွင်း ရယူထားသည့် ထောက်ခံချက် မူရင်းပါရှိရမည်ဖြစ်သည်။

ပြည်သူ့ဝန်ထမ်းများဖြစ်ပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲ၏ ထောက်ခံချက်၊ တပ်မတော်သားများဖြစ်ပါက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် တိုင်းပြည်အတွင်း တစ်ဘက်နှင့်တစ်ဘက် စိတ်သဘောထားကွဲလွဲခြင်း၊ ရန်လိုမုန်းထားမှုများ ရှိနေခြင်းနှင့် အငြိုးအတေးများ ဖြစ်ပေါ်နေချိန်တွင် အဆိုပါ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအရ လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်းမှာ ပဋိပက္ခများ ပိုမိုကြီးထွားလာစေနိုင်သလို ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

”  နိုင်ငံတကာမှာလည်း သေနတ်ကိုင်ဆောင်ခွင့်ဆိုတာရှိပါတယ်၊ရောင်းဝယ်ခွင့် ၊ရောင်းချခွင့်လည်း ရှိတယ်။ ဒါပေမဲ့ အခြေအနေတွေက မတူဘူးလေ။ တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာတောင် ပစ်ခတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ၊အကြမ်းဖက်မှုတွေ၊ ဓားပြမှုတွေ၊ အနုကြမ်းစီးတာတွေ နေ့စဉ်နဲ့အမျှ ဖြစ်နေတာကိုကြည့်ပါ” ဟု အမေရိကန်နိုင်ငံ လော့အိန်ဂျလိမြို့တွင် နေထိုင်နေပြီး လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားတစ်ဦး( အမေရိကန်နိုင်ငံသား ခံယူထားသူ)က သုံးသပ်ပြသည်။   

“ပုဂ္ဂလိကတစ်ဦးချင်းကိုင်တာထက်စာရင် လုံခြုံရေးနဲ့ဆိုင်တဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေက တရား၀င်လက်နက်ကိုင်ဆောင်ခွင့်ရသွားရင် ဘဏ်တွေ စက်ရုံတွေလုံခြုံရေးယူတဲ့အခါ အချိုးအစားတစ်ခုက လက်နက်နဲ့စောင့်ရှောက်ခွင့် ရသွားနိုင်တာကြောင့် ဘဏ်ဓားပြတိုက်ခံရတာမျိုးတွေ လျော့ပါးလာနိုင်ပါတယ်။လုံခြုံရေးခြိမ်းခြောက်ခံနေရတဲ့နေရာတွေအတွက် balance ဖြစ်သွားနိုင်တာ​ပေါ့”ဟု လုံခြုံ​ရေးကုမ္မဏီတခုက​ပြောသည်။

“လက်နက်ကိုင်ပြီး ကျင့်၀တ်နားမလည်တဲ့သူလက်ထဲရောက်သွားရင်တော့ အန္တရယ်ဖြစ်နိုင်လို့ လက်နက်ကျွမ်းကျင်မှုသင်တန်း၊ ကိုင်ဆောင်သူကျင့်၀တ်တွေကို လေ့ကျင့်ပြီးမှ လက်နက်ကိုင်သင့်ပါတယ်”ဟု အငြိမ်းစားတပ်မ​တော်သားတစ်ဦးက အကြံပြုသည်။

ဇန်နဝါရီ (၃၁) ရက် က ထုတ်ပြန်လိုက်သည့် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်နှင့် လက်နက်လိုင်စင်ပုံစံအမှတ် (၁၆) စာအုပ်အပြည့်အစုံကို အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ယခု အမိန့်နှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျှော်သော သဘောထားများကို လွတ်လပ်စွာ မှတ်ချက်ပေးကြရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071