ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း ယာဉ်စည်း ကမ်း လမ်းစည်းကမ်းနှင့် ယာဉ်မတော်တဆမှုများ လျော့န ည်းကျဆင်းရေးအတွက် အသိပညာပေးခြင်းများကို ရက် ဆက်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဒေသခံလူထုနှင့် ထိတွေ့ အသိပညာပေးရာတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်သက်ဆိုင်သည့် အသိပညာပေးခြင်း လက်ကမ်းစာစောင်များဖြန့်ဝခြင်း၊ ဆိုင်ကယ်ဦး ထုပ်ဆောင်းစေခြင်း၊ ဦးထုပ်မေးသိုင်းကြိုး တပ်ဆင်စေခြ င်း နှင့် ယင်းသို့ ဆောင်ရွက်ပါက မတော်တဆမှုဖြစ်လာပါက အသက်အန္တရာယ်ထိခို-က်မှု လျော့ကျစေခြင်းတို့ကို အသိပညာပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မော်တော်ယာဉ် စီးနင်းမောင်းနင်ကြသူများအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်နှစ်ထပ် ရပ်နားခြင်းမရှိစေရေး၊ သတ်မှတ်ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များမရှိဘဲ မောင်းနှင်ခြင်းမပြုရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖေ-ာက်ဖျ-က်မှုများပြုလုပ်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အသိပညာပေးခြင်းလုပ်ငန်းများကို လားရှိုးမြို့ရှိ အမှတ် (၂ ၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/မြောက်)ရုံး နှင့် အမှတ် (၁၂ ၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လားရှိုးခရိုင်)ရုံးတို့မှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်း သိမ်းရေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။