Wednesday, May 21, 2025

‎မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့...

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Myanmar Pawsan Rice Foundation ကို...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများအနက်...

မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမဦးစား ပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေး ငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် သာသနိက...

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တို-က်ခို-က်ဖို့...

အစ္စရေးတပ်မတော်ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပေမယ့် အီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အအုံတွေကို တို-က်ခို-က်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုချက်ကို...

မန္တလေးတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းအဆောက်အအုံသည် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊...
HomeNewsLocal Newsလားရှိုးတွင် ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ...

လားရှိုးတွင် ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်

ရှမ်း/မြောက် လားရှိုးမြို့တွင် ကုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံအပါအဝင် ဌာနဆိုင်ရာလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်းနှင့် ဝန်ထမ်းမိသားစုများ၊ စစ်ရှောင်မြို့ခံများလည်း ပြန်လည်ဝင်ရောက်အခြေချနေထိုင်နေပြီဖြစ်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံကြီးကို မေလ ၂ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ပြီး အရေးပေါ်ကုသမှုများ ဆောင်ရွက်နေကာ အခြားသော အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ စည်ပင်သာယာရေးဦးစီးဌာနတို့လည်း လုပ်ငန်းများစတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု ဆိုသည်။

” ဝန်ထမ်းမိသားစု‌တော်တော်များများလည်း ပြန်ရောက်ပြီ၊ မြို့ခံတော်တော်များများလည်း ပြန်ရောက်ပြီ။ မြို့တွင်းတော့ လျှပ်စစ်မီးမရသေးဘူး။ တဖြည်း ဖြည်းတော့ပြန်ရလာမယ်ထင်တယ်။”ဟု ရှင်းပြသည်။

လားရှိုးမြို့တွင် နစက ကပြန်လည်အခြေချရန် ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်အတွင်း ကိုးကန့်တပ်ဖြင့် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုများအပြီး ဧပြီ (၂၂) ရက်နေ့တွင် တပ်မတော်နှင့် ဌာနဆိုင်ရာများ လားရှိုးမြို့သို့ပြန် လည်ဝင်ရောက်လာခဲ့သည်။

ထို့နောက် မေ(၁)ရက်နေ့မှစတင်၍ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်များအရပ်ဘက် ဌာနဆိုင်ရာဝန်ထမ်းများပြန်လည်ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

လားရှိုးမြို့‌သို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေမည့် ခိုးဆိုးလုယက် အနိုင့်အထက် တရားဥပဒေမဲ့ကျူးလွန်မှုများနှင့်စပ်လျဥ်းပြီး မြို့မရဲစခန်းသို့ လူကိုယ်တိုင်လာရောက်၍ သတင်းပေးတိုင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‎မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်နေ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြန်မာ့ပေါ်ဆန်းမွှေးကို ခေတ်မီထုတ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ Myanmar Pawsan Rice Foundation ကို ဖွဲ့စည်းတည်ထောင်ပြီး စိုက်ပျိုးသူများအပါအဝင် ကုန်သည်၊ စက်ပိုင်အားလုံး ပါဝင်သည့် One Community တစ်ခုအဖြစ် စုဖွဲ့ပြီး၊ မျိုးကောင်းမျိုးသန့် မှ စ၍ သုတေသန အပါအဝင် အရောအနှောကင်းပြီး၊ ပစ္စည်းမှန် ၊ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သည့် မြန်မာပေါ်ဆန်းမွှေး (fragrant rice) အဖြစ် နိုင်ငံတကာစျေးကွက်ကိုပါ ခေတ်မီ ထုတ်ပိုးမှု...

ငလျင်ကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်း အဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမ ဦးစားပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မည်

မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများအနက် (၁,၇ဝဝ) ကျော်ကို ပထမဦးစား ပေးအဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မန္တလေး ငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် သာသနိက အဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နည်းပညာဆိုင်ရာပညာရှင်အဖွဲ့နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။ ပြုပြင်ရမည့် အဆောက်အအုံများပြားသည့်အတွက် ပြုပြင်ရာတွင် ရှေးဟောင်းလက်ရာ တန်ဖိုးကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ကာ ပြည်သူလူထု ကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားများကို...

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို တို-က်ခို-က်ဖို့ အစ္စရေးပြင်ဆင်နေ

အစ္စရေးတပ်မတော်ဟာ ဝါရှင်တန်နဲ့ တီဟီရန်ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပေမယ့် အီရန်ရဲ့ နျူကလီးယား အခြေခံအဆောက်အအုံတွေကို တို-က်ခို-က်ဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေရဲ့ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ "အီရန်ရဲ့ နျူကလီးယား စက်ရုံတစ်ခုခုကို အစ္စရေးက တို-က်ခို-က်နိုင်ခြေဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်" လို့ အမေရိကန်ရဲ့ ထောက်လှမ်းရေး အချက်အလက်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူ တစ်ဦးက ပြောပါတယ်။ "ဒါ့အပြင် ထရမ့်ညှိနှိုင်းတဲ့ အမေရိကန်-အီရန် သဘောတူညီချက်မှာ အီရန်မှာရှိနေတဲ့ ယူရေနီယမ်တွေ အားလုံးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071