အလုပ်သမားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး နှင့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်မောင်နှင့်အဖွဲ့တို့သည် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လာအိုနိုင်ငံသို့ ရောက်ရှိနေထိုင်လုပ်ကိုင်နေသည့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(C of I)ထုတ်ပေးနိုင်ရေးနှင့် လုပ်ငန်းစဉ် အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်း၊ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ မြန်မာ- လာအို ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
