Monday, June 8, 2026

၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့...

ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌...

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင်...

ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့်...

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက်...

ဗိုလ်ကျစိုးမိုးရေးဝါဒကိုပြုံယမ်း နှင့်အတူ တို-က်ဖျ-က်သွားမည်–ရှီ

      မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရန်သည် တရုတ်နိုင်ငံ၏ မယိမ်းယိုင်သော မူဝါဒဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများကို တို-က်ဖျ-က်ရန် အတူအကွလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က...
HomeMoviesလာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       
ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင် ကယ်ဆယ်ရေးသမားများက ရပ်ဆိုင်းလိုက်သည်။
      
ဒေသခံအမျိုးသား ခုနစ်ဦးသည် နိုင်ငံအလယ်ပိုင်း Xaysomboun ပြည်နယ်ရှိ ဂူထဲသို့ လင်းနို့နှင့် ရွှေရှာဖွေရန်အတွက် မေလ ၂၀ ရက်နေ့တွင် ဝင်ရောက်သွားခဲ့ပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ ၎င်းတို့ထွက်ပေါက် ပိတ်သွားခဲ့သည်။
       
  တစ်ပတ်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့များက အမျိုးသားငါးဦးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့တွင် ရေငုပ်သမားများက တစ်ဦးကို စတင်ကယ်ထုတ်နိုင်ခဲ့သည်။ ဂူတွင်းမှ ရေများကို စုပ်ထုတ်ပြီးနောက် နောက်တစ်နေ့တွင် လေးဦးကို ထပ်မံကယ်ထုတ်နိုင်ခဲ့သည်။
        
လာအိုနှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ၏ အပြင်းအထန်ရှာဖွေနေသော်လည်း ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
        
  ထိုင်းကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကန်ကတ် ဘွန်းကဝေါင်က ဂူတွင်းသို့ ဝင်ရောက်ရန်သည် အန္တရာယ်များလွန်းသောကြောင့် မည်သူ့ကိုမျှ ဝင်ခွင့်မပြုထားဟု စနေနေ့က ဆိုရှယ်မီဒီယာပို့စ်တွင် ပြောကြားခဲ့ပြီး ရေစုပ်ထုတ်သည့်လုပ်ငန်းကိုမူ အပြင်ဘက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုခဲ့သည်။
        
ကျန်ရှိနေသူနှစ်ဦး၏ လက်ရှိအခြေအနေကို မိမိတို့ မသိရှိရသော်လည်း ယခုအချိန်တွင် ဂူအတွင်းရှိ ရေမျက်နှာပြင်ကို လျှော့ချခြင်းသည် အကေင်းဆုံးနည်းလမ်းဖြစ်သည်ဟု ၎င်းက ဖေ့စ်ဘုတ်ပို့စ်တွင် ပြောကြားခဲ့သည်။
        
ဂူတွင်းရှိ နေရာအသီးသီးတွင် စားစရာများနှင့် အသက်ရှင်ရပ်တည်ရေးဆိုင်ရာ ပစ္စည်းများကို ထားပေးခဲ့ပြီး မထင်မှတ်ဖွယ်အခြေအနေမျိုးကြုံလာခဲ့ပါက ၎င်းတို့၏ လိမ္မာပါးနပ်မှုဖြင့် ဘေးကင်းစွာထွက်လာနိုင်လိမ့်မည်ဟု မိမိ ယုံကြည်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ်အတွင်းမှာ နိုင်ငံသုံးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ ရုရှားစီစဉ်နေ

ရုရှားနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ကူဝိတ်နိုင်ငံသားတွေအတွက် ဗီဇာလိုမယ့် သတ်မှတ်ချက်တွေကို ပယ်ဖျ-က်ပေးဖို့ ရည်မှန်းထားတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန ညွှန်ကြားရေးမှူး နီကီတာ ကွန်ဒရက်တီးယက်ဗ် (Nikita Kondratyev) က စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF) ရဲ့ ခေတ္တနားချိန်မှာ TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ "မလေးရှားနဲ့ အင်ဒိုနီးရှားကတော့ ဒီနှစ်အတွက် အဓိက ဦးစားပေးတွေပါ။ ကူဝိတ်နိုင်ငံကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒီနိုင်ငံသုံးနိုင်ငံကတော့ ဒီနှစ်ထဲမှာ ဆွေးနွေးညှိနှိုင်းမှုအပိုင်းတွေကို အပြီးသတ်ချင်တဲ့ နိုင်ငံတွေဖြစ်ပါတယ်"...

မုတ်သုံလေနှင့် မိုးတိမ်တောင်အရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့၌ မိုးကြီးနိုင်

မုတ်သုံလေနှင့် မိုးတိမ်တောင်များ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၈ ရက်တွင် ထုတ်ပြန်သည်။ ဇွန် ၈ ရက် ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊...

ဂူအမ်ကို ဂိုးပြတ်နိုင်ခဲ့သည့် မြန်မာအသင်း ဖိလစ်ပိုင်နှင့် ဆက်လက်ရင်ဆိုင်ရမည်၊ ဖီဖာအဆင့်နှင့် အာဆီယံချန်ပီယံရှစ်အတွက် အာရုံစိုက်ကစားမည်ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ပြော

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် သုံးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဖီဖာအဆင့် (FIFA Ranking) မြှင့်တင်နိုင်ရေးနှင့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲများအတွက် အလွန်အရေးကြီးသဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်ကို အထူးအာရုံစိုက် ကစားသွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောကြားလိုက်သည်။ ဇွန်လ ၈ ရက် (ယနေ့) တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကစားသမားများအနေဖြင့် မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေးများစွာ ရှိနေကြောင်းလည်း ဆိုသည်။ ပွဲကြီးပွဲကောင်း ဖြစ်လာမည့် မြန်မာနှင့် ဖိလစ်ပိုင် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071