(Unicode)
လာမည့် နိုဝင်ဘာလမှစ၍ နေပြည်တော်ရှိ တောင်သူများအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်
နေပြည်တော် အောက်တိုဘာ ၃၁
ယခု ၂၀၂၁ ခုနှစ် ၏ ဆောင်းသီးနှံချေးငွေများကို ယခုလာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထုတ်ချေးပေးသွားမည်ဖြစ်ရာ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ယခင်နှစ် ဆောင်းသီးနှံ ချေးငွေ ပြန်ဆပ်ပြီးသည့် တောင်သူများကို ဦးစားပေးစတင် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ သိရသည်။
လက်ရှိတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၁ ခုနှစ်၏ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ များကို ထုတ်ချေးပေးလျက်ရှိပြီး ယခုအောက်တိုဘာလကုန်ထိ နောက်ဆုံးထား ဆက်လက်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုနှစ်အတွက် ဆောင်းသီးနှံစိုက်ဧကများအတွက် တောင်သူများကို စိုက်ပျိုး စရိတ်ချေးငွေများကို ထပ်မံထုတ်ချေးပေးသွားတော့မည်ဖြစ်ရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ယခင် ၂၀၂၀ ပြည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ များပြန်ဆပ်ပြီးသည့် တောင်သူများကို ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ ၂၀၂၀ က ထုတ်ချေးပေးခဲ့တဲ့ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်ဆပ်ပြီးတဲ့ တောင်သူတွေကို ထုတ်ချေးပေးသွားမှာပါ။ လာမဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကနေထုတ်ချေးပေးသွားမှာပါ။ ဆောင်းသီးနှံက အခြားသီးနှံတွေဆိုတော့ တစ်ဧကကို ငွေကျပ် ၁၀၀၀၀၀ နှုန်းနဲ့ ချေးပေးသွားမှာပါ။ ပုံမှန် ထုတ်ချေးကာလကတော့ သုံးလပေါ့။ နိုဝင်ဘာလကဆိုရင် ဇန်နဝါရီလ ထိပေါ့။ ဒါပေမဲ့ ကိုဗစ်ကာလဆိုတော့ မိုးချေးငွေတုန်းက တစ်လနောက်ဆုတ်ပေးထားတော့ ညွှန်ကြားချက်ထပ်ထွက်ရင် ထွက်သလိုပေါ့” ဟု ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ နေပြည်တော်တိုင်းဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် အခြားသီးနှံဧကပေါင်း ၅၁၀၀ ကျော်ရှိပြီး အဆိုပါ ဧကများအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ခရိုင်ဘဏ်ခွဲ နှစ်ခုနှင့် မြို့နယ်ဘဏ်ခွဲ နှစ်ခု စုစုပေါင်း ဘဏ်ခွဲ လေးခုမှ ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။
(Zawgyi)
လာမည့္ ႏိုဝင္ဘာလမွစ၍ ေနျပည္ေတာ္ရွိ ေတာင္သူမ်ားအတြက္ ေဆာင္းသီးႏွံ စိုက္ပ်ိဳးစရိတ္ေခ်းေငြမ်ား ထုတ္ေခ်းေပးသြားမည္
ေနျပည္ေတာ္ ေအာက္တိုဘာ ၃၁
ယခု ၂၀၂၁ ခုႏွစ္ ၏ ေဆာင္းသီးႏွံေခ်းေငြမ်ားကို ယခုလာမည့္ ႏိုဝင္ဘာလ ၁ ရက္ေန႔မွစ၍ ထုတ္ေခ်းေပးသြားမည္ျဖစ္ရာ ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္းရွိ ယခင္ႏွစ္ ေဆာင္းသီးႏွံ ေခ်းေငြ ျပန္ဆပ္ၿပီးသည့္ ေတာင္သူမ်ားကို ဦးစားေပးစတင္ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ မွ သိရသည္။
လက္ရွိတြင္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ အေနျဖင့္ ၂၀၂၁ ခုႏွစ္၏ မိုးစပါးစိုက္ပ်ိဳးစရိတ္ေခ်းေငြ မ်ားကို ထုတ္ေခ်းေပးလ်က္ရွိၿပီး ယခုေအာက္တိုဘာလကုန္ထိ ေနာက္ဆုံးထား ဆက္လက္ထုတ္ေခ်းေပး သြားမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ယခုႏွစ္အတြက္ ေဆာင္းသီးႏွံစိုက္ဧကမ်ားအတြက္ ေတာင္သူမ်ားကို စိုက္ပ်ိဳး စရိတ္ေခ်းေငြမ်ားကို ထပ္မံထုတ္ေခ်းေပးသြားေတာ့မည္ျဖစ္ရာ ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္ေန႔မွစ၍ ဇန္နဝါရီလအထိ ထုတ္ေခ်းေပးသြားမည္ျဖစ္ၿပီး ယခင္ ၂၀၂၀ ျပည့္ႏွစ္ ေဆာင္းသီးႏွံစိုက္ပ်ိဳးစရိတ္ေခ်းေငြ မ်ားျပန္ဆပ္ၿပီးသည့္ ေတာင္သူမ်ားကို ဦးစားေပး ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ ၂၀၂၀ က ထုတ္ေခ်းေပးခဲ့တဲ့ ေဆာင္းသီးႏွံစိုက္ပ်ိဳးစရိတ္ေခ်းေငြေတြကို ျပန္ဆပ္ၿပီးတဲ့ ေတာင္သူေတြကို ထုတ္ေခ်းေပးသြားမွာပါ။ လာမဲ့ ႏိုဝင္ဘာလ ၁ ရက္ေန႔ကေနထုတ္ေခ်းေပးသြားမွာပါ။ ေဆာင္းသီးႏွံက အျခားသီးႏွံေတြဆိုေတာ့ တစ္ဧကကို ေငြက်ပ္ ၁၀၀၀၀၀ ႏႈန္းနဲ႔ ေခ်းေပးသြားမွာပါ။ ပုံမွန္ ထုတ္ေခ်းကာလကေတာ့ သုံးလေပါ့။ ႏိုဝင္ဘာလကဆိုရင္ ဇန္နဝါရီလ ထိေပါ့။ ဒါေပမဲ့ ကိုဗစ္ကာလဆိုေတာ့ မိုးေခ်းေငြတုန္းက တစ္လေနာက္ဆုတ္ေပးထားေတာ့ ၫႊန္ၾကားခ်က္ထပ္ထြက္ရင္ ထြက္သလိုေပါ့” ဟု ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေနျပည္ေတာ္တိုင္းဘဏ္ခြဲမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမတြင္ အျခားသီးႏွံဧကေပါင္း ၅၁၀၀ ေက်ာ္ရွိၿပီး အဆိုပါ ဧကမ်ားအတြက္ တစ္ဧကလွ်င္ ေငြက်ပ္ ၁၀၀၀၀၀ ႏႈန္းျဖင့္ ထုတ္ေခ်းေပးသြားမည္ျဖစ္ၿပီး ခ႐ိုင္ဘဏ္ခြဲ ႏွစ္ခုႏွင့္ ၿမိဳ႕နယ္ဘဏ္ခြဲ ႏွစ္ခု စုစုေပါင္း ဘဏ္ခြဲ ေလးခုမွ ထုတ္ေခ်းေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။