Wednesday, July 9, 2025

မိုင်းဖုန်းဆရာတော်ကြီးအား တောနေပျော်မထေရ်ကျော်ဘွဲ့ ဆက်ကပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ...

မန္တလေး-လားရှိုးခရီးစဉ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်သော်လည်း...

မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့်...

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့တွေ့ဆုံ

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin တို့ ဇူလိုင် ၇ ရက်ညနေ ၄ နာရီက...

ထိုင်းလေတပ်က အသေခံ ဒရုန်းတပ်ကို ဖွဲ့စည်းနိုင်ခဲ့

ဇူလှိုင် ၆ ထိုင်းတော်ဝင်လေတပ်သည် တိုက်ပွဲအတွင်း၌ အဖိုးတန်‌သောပစ်မှတ်များကို တိကျစွာ ပစ်ခတ်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသောအ ‌ေ-သ ခံ မောင်းသူမဲ့ လေယာဉ်၏ ပြည်တွင်းထုတ် ဗားရှင်းကို...
HomeInternationalလာမည့်အပတ်အတွင်း တရုတ် သမ္မတရှီနှင့်အင်ဒိုသမ္မတ...

လာမည့်အပတ်အတွင်း တရုတ် သမ္မတရှီနှင့်အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုတွေ့ဆုံမည်

လာမည့်အပတ်အတွင်း တရုတ် သမ္မတရှီနှင့်အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုတွေ့ဆုံမည်

ပေကျင်း၊ ဇူလိုင် ၂၁ 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဇူလိုင်လ ၂၅မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်း က ဇူလိုင်လ ၂၁ ရက်နေ့ ကြာဿပတေးနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလ၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ လာရောက်ရန် နိုင်ငံ့ခေါင်းဆောင်များကို တစ်စုတစ်စည်းတည်း ဖိတ်ကြားခဲ့ခြင်းမှလွဲ၍ ဝီဒိုဒိုသည် ပေကျင်းမှ ၂ နှစ်အတွင်း တစ်ဦးချင်းလက်ခံတွေ့ဆုံရန် ဖိတ်ကြားခံရသည့် ပထမဆုံး နိုင်ငံခြားခေါင်းဆောင်ဖြစ်လာသည်။

ဝီဒိုဒိုသည် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံမှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ကြောင်း ဝမ်က ပုံမှန်မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝမ်က ဝီဒိုဒိုသည် အမြင်ချင်းဖလှယ်ရန်အတွက် သမ္မတ ရှီနှင့် ဝန်ကြီးချုပ် လီခဲရှန် တို့နှင့် တွေ့ဆုံသွားမည်ဟု ဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် G20 ဥက္ကဌရာထူးကို တာဝန်ယူထားပြီး ယခုနှစ် G20 ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို နိုဝင်ဘာလ ၁၅ရက်မှ ၁၆ ရက်အထိ ဘာလီတွင် လက်ခံကျင်းပမည်ဖြစ်သည်။

ဆောင်းရာသီ အိုလံပစ်ပွဲ မှလွဲ၍ ပေကျင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ်၌ တင်းကျပ်သော နယ်စပ်ရေးရာ စီမံချက်များချမှတ်ကာ မည်သည့် နိုင်ငံခြားခေါင်းဆောင်တစ်ဦးကိုမျှ လက်ခံဖိတ်ကြားခဲ့ခြင်းမရှိခဲ့ပေ။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းဖုန်းဆရာတော်ကြီးအား တောနေပျော်မထေရ်ကျော်ဘွဲ့ ဆက်ကပ်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သံဃာတော်များနှင့် မိုင်းလားအကြီးအကဲများမှ မိုင်းဖုန်းဆရာတော်ကြီးအား အယားဆွမ်တစ်ပါ(တောနေပျော်မထေရ်ကျော်ဘွဲ့)ကို လာမည့် အောက်တိုဘာ ၁၁ ရက်တွင် ရိုးရာအခမ်းအနားဖြင့် ဆက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းဟေ့မိုင်းခန်အုပ်စုရှိ မိုင်းလားဂူတွင် ဝါတွင်းသုံးလအဓိဌာန်အဖြစ် ၃ လ ၃ ရက်တိုင် တရားဘာဝနာပွားများအားထုတ်တော်မူသွားမည်ဖြစ်ကာဂူအတွင်းသို့ တပည့်သာဝကများက လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်ကြီးသည် မိုင်းလားဂူသို့ကြွရောက်တော်မူခြင်းမပြုမီ ဇူလိုင် ၂ ရက်က မိုင်းဖုန်းဒေသမှသာသနာပြုခရီးအဖြစ်ထွက်ခွာ၍ ကျိုင်းတုံမြို့နယ်၊ လွယ်ပန်ကွဲတောင် ဗုဒ္ဓဥယျာဥ်သို့ကြွရောက်တော်မူကာ ဝစီပိတ်ဆရာတော်တည်ထားဆဲဖြစ်သော လောကသရဖူစေတီတော် (ရှမ်းပြည်နယ် ဗောရောဗုဒ္ဓော)တွင်မေတ္တာပို့သခဲ့ကြောင်း သိရသည်။ ထို့နောက် သက်တော်ရှည် ကျိုင်းရင်းဆရာတော်ကြီးအား ပူဇော်ကန်တော့ပြီး...

မန္တလေး-လားရှိုးခရီးစဉ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်သော်လည်း လမ်းပိုင်းအချို့ပျက်စီးနေခြင်းများကြောင့် အခက်ကြုံ

မန္တလေး-လားရှိုးရီးစဥ် လမ်းပိုင်း (၃)ပိုင်းမှ သွားလာနိုင်ကြသော်လည်း မိုးရွာသွန်းမှုများကြောင့် လမ်းပိုင်းအချို့ပျက်စီးနေသဖြင့် ဒေသတွင်းခရီးသွားများအခက်ကြုံလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ အဆိုပါ လမ်းပိုင်းများမှာ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်း၊ ရွာငံ- ပင်းတယ-ရပ်စောက်-ကျောက်ဂူ-နမ့်လန်လမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ်- ကျေးသီး -လဲချား-တောင်ကြီး-မန္တလေးလမ်းပိုင်းတို့ဖြစ်ကြောင်း သိရသည်။ မန္တလေး-ပြင်ဦးလွင်-နောင်ချို-လားရှိုးလမ်းပိုင်းအခြေအနေမှာ လမ်းခရီးတိုပြီး နေ့ချင်းရောက်နိုင်သော်လည်း နောင်ချိုနယ်အတွင်း တိုက်ပွဲများကြောင့် သတိပြသွားလာရန်လိုကြောင်းဆိုသည်။ ထို့အတူ ရွာငံ-ပင်းတယ-ရပ်စောက်- ကျောက်ဂူ-နမ့်လန်လမ်းပိုင်းမှာ ခရီးလမ်းအတိုဆုံးဖြစ်သော်လည်း မိုးရွာသွန်းထားမှုကြောင့် ပျက်စီးနေကာ ယာဉ်ကြီးယာဥ်ငယ်များ သွားလာရခက်ခဲလျှက်ရှိသည်ဟု ဆိုသည်။ လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား- တောင်ကြီး-မန္တလေးလမ်းပိုင်းမှာ ခရီးလမ်းအဝေးဆုံးဖြစ်ကာ တစ်ညခရီးသွားရသော်လည်း တိုက်ပွဲများမရှိခြင်းကြောင့် ဒေသတွင်းခရီးသွားများစိတ်ချစွာ သွားလာနိုင်ကြောင်း သိရသည်။ သို့သော် လမ်းပိုင်း(၃)ပိုင်းလုံး၏ လမ်း...

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့တွေ့ဆုံ

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin တို့ ဇူလိုင် ၇ ရက်ညနေ ၄ နာရီက အဒစ်အဘာဘာမြို့ရှိ ရုရှားသံရုံး၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အာဖရိကသမဂ္ဂနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071