Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ...

ရခိုင်တိုင်းရင်းသားများပါတီ၏ ပါတီတည်ထောင်ခွင့်လျောက်ထားချက်ကို UEC ခွင့်ပြု

ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီတည်ထောင်ခွင့်လျောက်ထားလာသည့် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party) ကို နိုင်ငံရေးပါတီတည်ခွင့်လျောက်ထားချက်ကို ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်...
HomeNewsLocal Newsလာမည့်ရွေးကောက်ပွဲများတွင် အွန်လိုင်း မဲပေးစနစ်...

လာမည့်ရွေးကောက်ပွဲများတွင် အွန်လိုင်း မဲပေးစနစ် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်နေ

လာမည့် ၂၀၂၃ ဒုတိယ နှစ်ဝက်အတွင်း ကျင်းပဖွယ်ရှိနေသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်
အွန်လိုင်းမဲပေးစနစ် ကျင့်သုံးသွားဖွယ်ရှိနေပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အဆိုပါ အွန်လိုင်းမဲပေးစနစ် စမ်းသပ်တည်ဆောက်ထားမှုနှင့်ပတ်သက်၍ ယမန်နေ့ ဖေဖေါ်ဝါရီ (၉) ရက်တွင် UEC မှတာဝန်ရှိသူများက နစက ဥက္ကဋ္ဌအား ရှင်းလင်းတင်ပြခဲ့သည်။

UEC မှတာဝန်ရှိသူတစ်ဦးက Myanmar Electronic Voting Maching (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက်(Control Unit)၊ ဆန္ဒပြုစက် (Ballonting Unit – Main, Extension)၊ ဆန္ဒပြုစက်မှန်ကန်မှု ရှိ/မရှိ ပြသသောစက်(Verification Unit)၊ မဲပုံးနှင့်ဘက္ထရီများ ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့်အသုံးပြုရခြင်း ရည်ရွယ်ချက်များ၊ သုံးသပ်အကြံပြုတင်ပြချက်များ၊ အရေအတွက်အများအပြား ထုတ်လုပ်ရန်ပြင်ဆင်ရမည့်အချက်များနှင့်လိုအပ်ချက်များအားရှင်းလင်းတင်ပြခဲ့သည်။

၂၀၂၃ ခုနှစ် အတွင်း ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲတစ်ရပ်ကို မဲဆန္ဒနယ်အားလုံး၌ အကြားအလပ်မရှိ ကျင်းပသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းများမှတဆင့် မကြာခဏ ပြောကြားထားပြီး ဖြစ်သည်။

ယင်းကဲ့သို့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးမှာ နိုင်ငံတဝန်း၌တည်ငြိမ်အေးချမ်းမှု ရရှိရန်လိုအပ်ပြီး လက်ရှိ၌ မြို့နယ်အချို့တွင် တည်ငြိမ်အေးချမ်းမှုမရှိသေးသည့်အတွက် တည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်နိုင်ရန်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို (၆) လ ထပ်မံအပ်နှင်းခံထားရခြင်းလည်း ဖြစ်သည်။

အဆိုပါ (၆) လတာ ကာလအတွင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မည့် အခင်းအကျင်းများကို အောင်မြင်စွာဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအဖွဲ့တွင် တာဝန်ရှိနေခြင်းဖြစ်ပြီး UEC က တင်ပြသည့် Myanmar Electronic Voting Maching (MEVM)ဖြင့် စမ်းသပ်မဲပေးမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် မြန်မာနိုင်ငံအတွင်း ထပ်မံကျင်းပရန်ရှိနေသည့် ရွေးကောက်ပွဲများတွင် အွန်လိုင်းမှ မဲပေးသည့်စနစ်ကို ကျင့်သုံးသွားရန် ပြင်ဆင်နေကြောင်း UEC တာဝန်ရှိသူ ဦးတင်မောင်ဦးက ပြောကြားထားသည်။

“Electronic Voting ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်တို့တင်ပြသလိုပါပဲ။ ပယ်မဲလည်းမရှိဘူး။ လွယ်ကူတယ်။ တိကျတယ်။ မသမာမှုပြုလို့မရတာလည်းရှိတယ်။ ဒါကြောင့်မို့ ဒီစနစ်တွေကို သုံးချင်ရင်သုံးနိုင်အောင် ပြင်ဆင်စမ်းသပ်မှု လေ့လာမှုတွေ ဆောင်ရွက်နေတာလည်း ရှိပါတယ်”ဟု ဦးခင်မောင်ဦးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားထားသည်။

လာမည့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Closed List PR စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် မိမိနှစ်သက်ရာ ပါတီအမှတ်အသားကို မဲပေးရွေးချယ်ရမည်ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သည့် Electronic Voting ဖြင့် မဲပေးနိုင်မည့်စနစ် MEVM အား ရှင်းလင်းတင်ပြသည့် အခမ်းအနားသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်း၊ နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ကောင်စီဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါင်ရေး ဆွေးနွေး

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက နည်းပညာပိုင်းပူးပေါင်းပါဝင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးမှုကို ယမန်နေ့ ဇွန် (၉) ရက်က ပြုလုပ်ခဲ့ကြခြင်းဖြစ်ကာ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို သွားရောက်ကွင်းဆင်း လေ့လာခဲ့သော ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် (၃)ဦးတို့၏ လေ့လာတွေ့ရှိချက်များ ပြန်လည်ရှင်းလင်းပြီးနောက် ပူးပေါင်းပါဝင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ...

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် သတိပြုနေထိုင်ရန် အသိပေးနှိုးဆော်

ပဲခူးမြစ်ရေကြီးနိုင်ချေရှိခြင်းကြောင့် အနိမ့်ပိုင်းနေရပ်ကွက်များ သတိပြုနေ ထိုင်ကြရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က မိုး/ဇလ၏ အသိပေးချက်အပေါ် ကိုးကား၍ ယနေ့ နံနက်ပိုင်းတွင် အသိပေးနှိုးဆော်ထားသည်။ ယနေ့ ဇွန်လ (၁၀)ရက်၌ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် (၆) ပေခန့်သာလိုပြီး ယနေ့ မြစ်ရေတက်နှုန်းမှာ ၂၄ နာရီအတွင်း (၅) ပေကျော် ရှိကြောင်းတွေ့ရသည်ဟုဆို သည်။ နောက် (၂၄)နာရီအတွင်း ပဲခူးမြစ်အထက်ပိုင်း(ဇောင်းတူ)နှင့် ပဲခူးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာနိုင်သည့်အတွက် နောက် (၄၈) နာရီအတွင်း ပဲခူးမြစ်၏ စိုးရိမ်ရေမှတ် (၂၈ဒဿမ ၈၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071