Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ကိုဗစ် – ၁၉ ရောဂါ...

အိမ်နီးချင်း နိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခ...

ထိုင်းတွင် ​ဖော်မြူလာဝမ်း ကား​မောင်းပြိုင်ပွဲ ​ကျင်းပနိုင်ရေး...

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် ထိုင်းနိုင်ငံတွင် ​ဖော်မြူလာဝမ်းကား​မောင်းပြိုင်ပွဲအတွက် ရည်မှန်းထားသည်များကို မိုနာကိုမင်းသား ဒုတိယ​မြောက် အဲလ်ဘတ် နှင့် ယမန်​နေ့က ​တွေ့ဆုံဆွေးနွေးခဲ့သည်။ ​ဖော်မြူလာဝမ်း၏ အလားအလာနှင့် ထိုင်းနိုင်ငံ၏...

ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့်...

ယနေ့ မေ (၂၅)ရက်မှစ၍ ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများ အပါအဝင် ရေကြောင်း၊ လေကြောင်းခရီးစဉ်များ သတိပြုရန် မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)က...

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင်...

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း...
HomeNewsLocal Newsလာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များကို...

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များကို အရည်အချင်းသတ်မှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူပြော

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များကို အရည်အချင်းသတ်မှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူပြော

လာမည့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပညာအရည်အချင်းကို သတ်မှတ်သွားရန်ရှိပြီး ထုတ်ပြန် ကြေညာသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ (၁၆) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် နစ က၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

”လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအပါအဝင် တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်လို့ သူတို့အရည်အချင်းနဲ့စွမ်းဆောင်ရည်မြင့်မားဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အရည်အချင်း သတ်မှတ်ချက် အတည်ပြုပြီးရင် ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ဦးခင်မောင်ဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ယခင်က လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်များတွင် ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိဘဲ အသက်ကန့်သတ်ချက်အနေဖြင့်သာ ရှိကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာအတွက် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၃၀ ပြည့်ပြီးသူ ဖြစ်ရမည်ဆိုသည့် အချက်များ ပါဝင်သည်။

ထို့အပြင် နိုင်ငံသားမိသားနှစ်ပါးက မွေးဖွားသူနဲ့ နိုင်ငံအတွင်းမှာ အနည်းဆုံး ဆယ်စုနှစ်ချီနေထိုင်ပြီးသူဖြစ်ရမည်ဆိုသည့် အချက်လည်း ပါရှိသည်။

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးသွားရန် ရှိသော် လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးသတ်မှတ်ရန် အစီအစဉ်မရှိကြောင်းလည်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိက ပြောသည်။

“လွှတ်တော်ကိုယ်စားတွေရဲ့ ပိုင်ဆိုင်မှု စီးပွားရေး ဥစ္စာ ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ်ဖို့မရှိပေမဲ့ ပါတီတစ်ခုချင်းဟာ ရှိသင့်တဲ့ဘဏ္ဍာရေးအခြေအ‌‌နေရှိဖို့ လိုတာတွေပါတယ်”ဟု ဦးခင်မောင်ဦးက ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် PR စနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး လက်ရှိတွင် လိုအပ်သည့် များကို ပြင်ဆင်မှုများ လုပ် ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေ

အိမ်နီးချင်း နိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ မိုးရာသီတွင် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉...

ထိုင်းတွင် ​ဖော်မြူလာဝမ်း ကား​မောင်းပြိုင်ပွဲ ​ကျင်းပနိုင်ရေး ​ဆွေး​နွေး​နေ

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် ထိုင်းနိုင်ငံတွင် ​ဖော်မြူလာဝမ်းကား​မောင်းပြိုင်ပွဲအတွက် ရည်မှန်းထားသည်များကို မိုနာကိုမင်းသား ဒုတိယ​မြောက် အဲလ်ဘတ် နှင့် ယမန်​နေ့က ​တွေ့ဆုံဆွေးနွေးခဲ့သည်။ ​ဖော်မြူလာဝမ်း၏ အလားအလာနှင့် ထိုင်းနိုင်ငံ၏ မော်တော်ကား​မောင်းပြိုင်ပွဲ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအတွက် မိုနာကို၏ ပံ့ပိုးကူညီမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထိုင်းဝန်ကြီးချုပ်က မော်တော်ကားအားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန် လှုံ့ဆော်​​ပေးသည့် မိုနာကို ဂရင်းပရီအား ချီးကျူးစကား ပြောကြားခဲ့သည်။ မင်းသား အဲလ်ဘတ်က နတ်ရွာစံ​လေပြီဖြစ်သည့် ရာမ ၉ ဘုရင်အ​ကြောင်းနှင့် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ဖူးသည့် ၎င်း၏အတွေ့အကြုံများကို ပြန်ပြောင်းပြောပြခဲ့ကာ မကြာမီ ထိုင်းနိုင်ငံသို့ ​နောက်တ​ခေါက်အလည်လာလိုကြောင်း​ပြောပြီး ခိုင်မာသော...

ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများအပါအဝင် ရေကြောင်းလေကြောင်း ခရီးစဉ်များ သတိပြုရန် နှိုးဆော်

ယနေ့ မေ (၂၅)ရက်မှစ၍ ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများ အပါအဝင် ရေကြောင်း၊ လေကြောင်းခရီးစဉ်များ သတိပြုရန် မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)က အသိပေးနှိုးဆော်ထားသည်။ မိုး/ဇလ၏ အသိပေးချက်တွင် မိုးရွာသွန်းခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခတ်ခြင်းနှင့်အတူအဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်း စသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်ကြောင်း ဆိုသည်။ ထို့ပြင် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှု အန္တရာယ်ကိုလည်း ကောင်း၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်၊ မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းအန္တရာယ်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071