Home News Local News လပြည့်နေ့ ကျိုက္ခမီရေလယ်ဘုရားပွဲတော် ဘုရားဖူးများဖြင့် စည်ကား

လပြည့်နေ့ ကျိုက္ခမီရေလယ်ဘုရားပွဲတော် ဘုရားဖူးများဖြင့် စည်ကား

0
159

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီရေလယ်ဘုရားပွဲတော်တွင် ယနေ့ အောက်တိုဘာ (၆)ရက်( သီတင်းကျွတ်လပြည့်နေ့)၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ဘုရားလာရာလမ်းတလျှောက် ယာဉ်ကြောပိ-တ်သည်အထိ လာရောက်ဖူးမျှော်လည်ပတ်ကြသလို ဘုရားပုရဝုဏ်အတွင်း၌လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဖြင့်စည်ကားနေကြောင်း သိရသည်။

ကျိုက္ခမီ‌ရေလယ်ဘုရားပွဲ‌တော်သည် သီတင်းကျွတ်လဆန်း (၁၄) ရက်မှ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်အထိကျင်းပပြုလုပ်ပြီး ပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here