Wednesday, May 6, 2026

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...
HomeArticlesလင်းခါးအတွက် သတင်းစကားဆိုခြင်း

လင်းခါးအတွက် သတင်းစကားဆိုခြင်း

လင်းခါး၏ကဗျာများကို ဖတ်ရှု ပြီး ပြောပြချင်တာ အနည်းငယ်ရှိ လာသည်။ လင်းခါးသည် ခေတ်ကြီး နှင့် အံဝင်ခွင်ကျမဖြစ်သေးသော သူ တစ်ယောက်ဖြစ်သည်။ ခေတ်ကြီးက ပြီးပြည့်စုံသည့်ခေတ်ကြီး မဟုတ်သေး သလို လင်းခါးကလည်း ပြီးပြည့်စုံ သည့် လူသားတစ်ယောက်မဟုတ် သေး။ သူ၏ ခေတ်ကြီးနှင့်အံဝင်ခွင် ကျမဖြစ်မှုသည်ပင် သူ့ကဗျာများကို ဖန်တီးဖြစ်စေဖို့ အဓိကမောင်းနှင် အားကြီးဖြစ်လာသည်။ ယနေ့ခေတ် ကြီးထဲမှာ ရုန်းနေကြသူများထဲတွင် ကဗျာဆရာများလည်း ပါဝင်ကြ သည်။ လင်းခါးသည် ကဗျာဆရာ တစ်ယောက်ဖြစ်သည်။ ခေတ်ကြီးထဲ မှာ ရုန်းနေသောသူ့အသံကို ကြားနိုင် သည်။ ကဗျာထဲမှာ ကဗျာဆရာ အ သံ ပါဝင်နေစမြဲဖြစ်သည်။ ခေတ်ကြီး ထဲမှာ ရုန်းကြရင်း ခေတ်ကြီးကို ပိုမို ကောင်းမွန်လာစေလိုသူများ ပိုမိုပြည့် စုံလာစေလိုသူများရှိသည်။ ထိုအထဲ တွင် ကဗျာဆရာများလည်း ပါဝင်ကြ သည်။ ထိုအထဲတွင် လင်းခါးလည်း ပါဝင်သည်။

ပေါင်မုန့်တွေက အကြီးကြီးတွေ၊ တိုက်တာကြီးတွေကလည်း အမြင့် ကြီးတွေဗျဟု မာယာကော့ဖ်စကီးက ခေတ်ကြီးတစ်ခုကို မှန်းဆရင်းပြောခဲ့ သည်။ မပျော်တဲ့ငါ့အတွက် အခန်း ဟာ မှောင်ပါတယ်ဟု လင်းခါးက ရေးခဲ့ပေသည်။ လင်းခါးတွင် အ မှောင်ဘက်ခြမ်းထဲကျရောက်ခဲ့ဖူး သော အတွေ့အကြုံတွေ ရှိပုံရသည်။ မှောင်နေသော ကဗျာဆရာတစ် ယောက်ရဲ့ ဘဝဟာ တုန်လှုပ်ဖွယ်ရာ ကောင်းပါသည်။ အမှောင်ထဲမှာ အဆုံးစွန်ထိရောက်တဲ့ နာကျင်မှုတွေ၊ မျက်ရည်တွေ၊ သောကဗျာပါဒတွေ လည်း ပြည့်နေမှာပဲဟု သူရေးသည်။ ပြီးနောက် သူသည်အမှောင်ထဲမှာ ကိုယ့်နားရွက်လည်း ကိုယ်ပြန်မမြင် နိုင်သူ၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်ပြန် မမြင်နိုင်သူဖြစ်ခဲ့သည်။ သို့ ရာတွင် လင်းခါးသည် အမှောင်ထဲ မှာ ပြီးဆုံးမသွား။ ဆင်ခြင်မှုနဲ့ လင်း တဲ့မီးဟာ အမှောင်ထဲမှာ ဂွမ်းဆီထိ ပီတိဖြာဟုလည်း ရေးနိုင်ခဲ့ပေသည်။ ကြောက်ဖွယ်ကောင်းသော အမှောင် ထဲမှာ သူ့ဆင်ခြင်မှုမီးတောက်ကလေး လင်းနေပုံကို တအံ့တသြတွေ့ရသည်။ လူငယ်တစ်ယောက်ပါပဲ။ ထမင်းကြမ်းခဲကလေးကို လွမ်းမိတဲ့ လူငယ် တစ်ယောက်ပါပဲ။ ဒီကမ္ဘာကြီး ငါမပါလည်း ဆက်လည် နေတာပဲလို့ ထင်သွားစေချင်တဲ့လူငယ်တစ်ယောက်ပါပဲ။ ရေပေါ်ဆီတွေကို ကြည့်မရဖြစ်နေတဲ့ လူငယ်တစ်ယောက်ပါပဲ။ မမြက ဘယ်မှာလဲလို့ လိုက်ရှာနေတဲ့လူငယ်တစ်ယောက်ပါပဲ။ ဘယ်သူမှမပါဘဲ တစ်ကိုယ်တည်းဖြတ်သန်းမယ့် လူငယ်တစ် ယောက်ပါပဲ။ သူ့ကဗျာတွေထဲမှာ နာကျင်မှုတန်ဖိုးတွေပါသည်။ သူ့ကဗျာတွေထဲမှာ စာရိတ္တတန်ဖိုးတွေပါသည်။ သူ့ကဗျာတွေထဲ မှာ သိမှုတန်ဖိုးတွေပါသည်။ သူ့ကဗျာတွေထဲမှာ ဘာသာစကား တန်ဖိုးတွေပါသည်။ ကဗျာကို သူရွေးချယ်ခဲ့သည်။ တစ်နေ့မှာ ကဗျာကလည်း သူ့ကို ပြန်လည်ရွေးချယ်လာလိမ့်မည်ဟု ဆိုလိုက်သေးချင်သည်။
ကျွန်တော်သိသော လင်းခါးက အေးအေးဆေးဆေး တည်တည်ငြိမ် ငြိမ်၊ နောက်ထပ်ကျွန်တော်သိသော လင်းခါးက စူးစူးရဲရဲ ရိုင်းရိုင်း။ သူ့အတွက် အထက်ပါအတိုင်း ကျွန်တော် ရေးခဲ့ခြင်းဖြစ်ပါသည်။

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071