Wednesday, July 9, 2025

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် (၃)...

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ...

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ...

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ...

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း...

MRF မှ ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ...

ကိုရီးယားနည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါ အစီအစဥ်ကို စီးပွားရေးလုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကပြောသည်။ စီးပွားရေးနှင့်...
HomeNewsLocal Newsလက်လျှော့ အဆုံးစီရင်သွားဖွယ် ယူဆရသည့်...

လက်လျှော့ အဆုံးစီရင်သွားဖွယ် ယူဆရသည့် မြန်မာနိုင်ငံသားအလောင်းနှင့် ကြေကွဲဖွယ် စာတစ်စောင် ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်တွင်တွေ့ရှိ

ထိုင်းနိုင်ငံ ၊ နခွန်ပထုံခရိုင် ၊ ဘန်လင်းမြို့နယ်အတွင်းရှိ ဆည်တစ်ခုအတွင်း အဆုံးစီရင်သွားဖွယ်ယူဆရသည့် မြန်မာနိုင်ငံသား အမျိုးသားရုပ်အလောင်းနှင့် ၎င်း၏ အခက်အခဲများအား ထိုင်းဘာသာဖြင့် ရေးသားထားသည့် စာတစ်စောင်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၀) ရက် တနင်္လာနေ့ ညပိုင်းက ဘန်လင်းမြို့နယ်အတွင်းရှိ ဆည်တစ်ခုအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းလူမှုကွန်ရက်များတွင် စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် အသက် (၃၉) နှစ်အရွယ်ရှိ ကိုသန်းရွှေဆိုသူ မြန်မာနိုင်ငံသားဖြစ်ပြီး သေဆုံးသူ၏ အိပ်ဟု ယူဆရသည့် အိပ်တစ်လုံးနှင့် ထိုင်းဘာသာဖြင့်ရေးသားထားသည့် စာတစ်စောင်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ထိုင်းလူမျိုးတစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် တနင်္လာနေ့ညပိုင်းက ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်မြန်မာပါ ခင်ဗျ။ နေစရာနေရာလဲမရှိ၊ စားစရာလဲမရှိလို့ ထမင်းနဲနဲလောက်ကျွေးကြပါ။ ကျွန်တော် ထိုင်းစကားမတတ်လို့ သနားကြပါဗျ။ ထမင်းလေး ရေလေးပေးသနားကြပါခင်ဗျ” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသည့် စာတစ်ဆောင်ကို ၎င်းကျန်ရစ်ခဲ့သည့် အိပ်အတွင်းမှ တွေ့ရကြောင်း အဆိုပါ ထိုင်းလူမျိုးက ၎င်း၏လူမွန်ကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ ထိုင်းဘာသာဖြင့် ရေးသားထားသည့် စာကို သေဆုံးသူအား စာနာသည့် ထိုင်းလူမျိုးတစ်ဦးဦးမှ ၎င်းအကူအညီ ရရှိရန်အတွက် ရေးသားပေးခဲ့သည်ဟု ယူဆသုံးသတ်မှုများရှိနေပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အဆုံးစီရင်သွားဟန်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေခြင်းဖြစ်သည်။

အလောင်းတွေ့ရှိရာ ဘန်လင်းမြို့နယ်အတွင်းရှိဆည်သို့ နခွန်ပထုံခရိုင်နှင့် ဘန်လင်းမြို့နယ်ဒေသအာဏာပိုင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များကသွားရောက်စစ်ဆေးခဲ့ပြီး ရင်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်ရန် နခွန်ပထုံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အခင်းဖြစ်စဉ်မျိုး မကြာခဏ ဖြစ်ပွားတတ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းကလည်း မြန်မာအမျိုးသားတစ်ဦး တံတားပေါ်မှ ခုန်ချအဆုံးစီရင်ရန် ကြိုးပမ်းနေစဉ် ထိုင်းရဲတပ်ဖွဲ့ဝင်များက အချိန်ပေးဖြောင်းဖြကာ ကယ်ဆယ်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်နှင့် သတင်းများတွင် ပျံ့နှံ့ခဲ့သေးသည်။

ထိုင်းနိုင်ငံဥပဒေများအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသူ မြန်မာနိုင်ငံသားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် မရှိသည့်အပြင် စစ်ဆေးတွေ့ရှိပါက ဖမ်းဆီထောင်ချခံရမည့် အခြေအနေမျိုးလည်း ဖြစ်သည်။

ယင်းကဲ့သို့ ဥပဒေအရ တင်းကြပ်ထားသော်လည်း နှစ်နိုင်ငံနယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် မြန်မာနိုင်ငံသားများ အမြောက်အများရှိနေပြီး နေ့စဉ်ရက်ဆက်နီးပါး ဆယ်နှင့်ချီကာ ဖမ်းဆီးခံနေရဆဲလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်းချောင်းရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်အမြင့် (၃) ပေ‌ကျော်အထိ ရှိနေ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်း ရေလှောင်တမံမှာ ဇူလိုင် (၈) ရက်၊ ညနေ (၆) နာရီအချိန်၌ ရေပိုလွှဲမှရေကျော်အမြင့် (၃.၄၀) ပေအထိ ရောက်ရှိနေကြောင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီဌာန၏ အသိပေးချက်အရ သိရသည်။ မန်းချောင်းရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅ ) ပေရှိကာ လက်ရှိရောက်ရှိနေသည့် ရေမှတ်မှာ (၆၂၈ .၄၀) ပေသို့ ရောက်ရှိနေပြီး (၃) ပေကျော် မြင့်တက်လာခြင်းဖြစ်သည်။ ယမန်နေ့ နံနက် (၆) နာရီအချိန်တွင် ရေပိုလွှဲမှ ရေကျော်အမြင့် (၂.၂)...

ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရုရှားနိုင်ငံ JSC “Rosoboronexport”ကုမ္ပဏီက ငွေကျပ်သန်း(၉၀၀)ကျော်ကို ဇူလိုင် ၈ ရက်နံနက် ၁၀ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံလာရောက်လှူဒါန်းခဲ့သည်။ အဆိုပါ အလှူငွေကျပ်(၉၀၆ ဒသမ ၂၅၀)သန်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

ငလျင်လှုပ်ပြီး ရက် (၁၀၀) ကျော်ကြာသည်အထိ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်အပြီး ရက် (၁၀၀) ကျော်ကာလအထိ ပြည်သူများသည် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအချိန်ထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် လူဦးရေ (၁) သန်းကို အကူအညီများ ပေးထားပြီးဖြစ်သော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ရေရှည်အထောက်အပံ့ ပေးနိုင်ရန်အရေးကြီးကြောင်း UNOCHA Myanmar က ဆိုသည်။ ငလျင်လှုပ်ခတ်ခဲ့ပြီး သုံးလပြည့်ပြီးချိန်အထိ ရန်ပုံငွေ မလုံလောက်မှုကြောင့် တုံ့ပြန်ကူညီရေး ကြိုးပမ်းချက်များကို အကန့်အသတ်ဖြင့် ဆောင်ရွက်နေရဆဲဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071