Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeNewsLocal Newsလက်ရှိအစိုးရသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏...

လက်ရှိအစိုးရသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ဟု နစက ဥက္ကဋ္ဌဆို

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ပေးရန်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၈ ရက်မွန်းလွဲပိုင်းက ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်းမြို့နှင့်ငပုတောမြို့နယ်တို့ရှိ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိ မြို့ဖများအားတွေ့ဆုံစဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်း၌ ဆောက်ရွက်လျက်ရှိသည့်လုပ် ငန်းများအား ယခုထက်ပိုကြိုးစားဆောင်ရွက်ပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရမည်ဟု ဆိုသည်။

ထို့ပြင် အစိုးရတစ်ရပ်သည် ပြည်သူလူထုတို့၏ လူမှုအကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကာ မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“မိမိတို့ရဲ့ ဆောင်ရွက်ချက်တွေကို တစ်ဦးချင်းစီရဲ့ တာဝန်တွေအလိုက် အောင်မြင်အောင်လုပ် ဆောင်ပြီး အလုပ်နဲ့သက်သေပြနိုင်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မိမိတို့ စတင်တာဝန်ယူစဉ်က နိုင်ငံ၏စီးပွားရေးကျဆင်းလျက်ရှိ၍ မိမိတို့အနေဖြင့် အခက်အခဲများကြားမှကြိုးပမ်းဆောင်ရွက်ခဲ့ရာလက်ရှိ အချိန်တွင် နိုင်ငံ့စီးပွားရေးသည် အတိုင်း အတာ တစ်ခုအထိ တိုးတက်လာသည်ဟု ဆိုသည်။

“အစိုးရ၊ပြည်သူနဲ့တပ်မတော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်နိုင်မှာဖြစ်ပါတယ်၊ ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန် ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိကာ အမျိုးသားရေးရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ရွေးကောက်ပွဲဆောင်ရွက်ရန် တိုင်းနှင့်ပြည်နယ်အချို့၌ အခက်အခဲများရှိနေသေးကာ ရွေး ကောက်ပွဲကျင်းပရာတွင် ပြည်သူလူထုက လက်ခံသည့် သိက္ခာရှိသည့်ရွေးကောက်ပွဲကျင်းပနိုင်ရန် အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ဒါ့ကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူတွေ အ နေနဲ့လည်း ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတို့တတ်နိုင်တဲ့ဘက်မှ ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ရပါမယ်” ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071