Saturday, February 14, 2026

လွိုင်ကော်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးနေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၊ ကျေးရွာများ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးမှ ဖေဖော်ဝါရီ ၁၃ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊...

စစ်တွေမြို့၌ စက်မှုလယ်ယာ စနစ်ကျလယ်မြေ(၄၀) ဧကဖော်ထုတ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးသန့်ခြံ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ် ယာ စနစ်ကျလယ်မြေ(၄၀)ဧကကို ဖော်ထုတ်လျက်ရှိသည်။ ထိုသို့ ဖော်ထုတ်နေမှုအား...

အမြန်လမ်းတွင် အိမ်စီးကားက Town Ace...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားက Town Ace ကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌...
HomeNewsLocal Newsလက်ဖက်ပွဲတော်၌ နိုင်ငံတကာတွင်စားသုံးနိုင်သည့် လက်ဖက်ပုံစံ...

လက်ဖက်ပွဲတော်၌ နိုင်ငံတကာတွင်စားသုံးနိုင်သည့် လက်ဖက်ပုံစံ (၁၄) မျိုးအား ခင်းကျင်းပြသ

ပည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိသော လက်ဖက်ပွဲတော်၏ (၃) ရက်မြောက်နေ့တွင် လက်ဖက်စိုကို စားဖွယ် အမျိုးစုံ ပြင်ဆင်ထား‌သော လက်ဖက်ပဒေသာပွဲ ကျင်းပခဲ့သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကျင်းပလျက်ရှိရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သံရုံးများမှ သံအမတ်များ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းနှင့် ပွဲတော်သို့လာရောက်လည်ပတ်သူများစွာဖြင့် စည်ကားခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အမှာစကားပြောကြားကာ၊ မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဉက္ကဌ ဒေါ်စန္ဒာခင်မှ လက်ဖက်ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း၏ အကြံပေး ဒေါ်ဆွေဇင်ထိုက်မှ လက်ဖက်စိုနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖွယ်ဖွယ်ရာရာ ခင်းကျင်းပြသထား‌သော ပုံစံစုံ ဒီဇိုင်းစုံ လက်ဖက်စားဖွယ်များအား ဝန်ကြီးချုပ်မှ လိုက်လံကြည့်ရှုရာ သိလိုသည်များကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြသည်။

အဆိုပါ လက်ဖက်ပဒေသာပွဲတွင် မြန်မာတိုင်းရင်းသားများစားသုံးသည့် လက်ဖက်ပုံစံထက်ကျော်လွန်ကာ နိုင်ငံတကာတွင်စားသုံးနိုင်သည့် ပုံစံ (၁၄) မျိုးကို ခင်းကျင်းပြသထားခြင်းဖြစ်သည်။

ပွဲတော်အတွင်းတွင် တိုင်းရင်းသားအစားအစာဆိုင်များ၊ လက်ဖက်ဆိုင်များ၊ အကြော်ဆိုင်များ စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ခင်းကျင်းရောင်းချလျက်ရှိကာ၊ လက်ဖက်ပဒေသာတွင် ခင်းကျင်းပြသထားသော ပုံစံစုံဒီဇိုင်းစုံလက်ဖက်စားဖွယ်များအား ပွဲတော်လာဧည့်ပရိသတ်များမှ စိတ်တိုင်းကျ မြည်းစမ်းသုံးဆောင်ခဲ့ကြသည်။

ယခုကျင်းပလျက်ရှိ‌သော ပွဲ‌တော်သည် မြန်မာ့သနပ်ခါးအားယူနက်စကိုတင်သွင်းခဲ့ပြီးနောက် ယခုအခါ လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအသိအမှတ်အဖြစ်လက်ဖက်ကို ထပ်မံတင်သွင်းနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သဖြင့် မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ “ပြည်ထောင်စုနေ့” အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေဂါးဒင်း၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ (၄)ရက်ကြာကျင်းပပြုလုပ်‌‌နေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်မြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးနေ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် ၊ ကျေးရွာများ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို စာသင်ဝိုင်း(၁၈)ဝိုင်းဖြင့်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးမှ ဖေဖော်ဝါရီ ၁၃ ရက်ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်း နမ့်ဘော်ဝမ် (ခါး)ရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်း၊ အခြေ ခံပညာအထက်တန်းကျောင်း(ခွဲ)လောဓမ္မတို့တွင်  သင် ကြား/သင်ယူနေမှုတို့ကို ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်စာများပေးအပ်ခဲ့သည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် အခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)လောဓမ္မတွင် ၂၀၂၆ ခုနှစ် တက္က သိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေးအတွက် စခန်းသွင်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးအထူးဂရုပြုရန်၊ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့အရောက်ကြိုးစားကြရန်မှာကြားခဲ့သည်။ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန်...

စစ်တွေမြို့၌ စက်မှုလယ်ယာ စနစ်ကျလယ်မြေ(၄၀) ဧကဖော်ထုတ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးသန့်ခြံ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် စက်မှုလယ် ယာ စနစ်ကျလယ်မြေ(၄၀)ဧကကို ဖော်ထုတ်လျက်ရှိသည်။ ထိုသို့ ဖော်ထုတ်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အ ချိန်မီပြီးစီးနိုင်ရေး စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့သည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် စက် မှုလယ်ယာ စနစ်ကျလယ်မြေ(၄၀)ဧက ဖော်ထုတ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးနေမှု၊ ဆက်လက်ဆောင်ရွက်ရမည့်အစီအမံများ၊ နွေစပါး၊ မိုးစပါးနှင့်ဆောင်းသီးနှံများ စိုက်ပျိုးမည့်အစီအမံများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် စနစ်ကျလယ်မြေအတွင်း စိုက်ပျိုးရေရရှိရေးအ...

အမြန်လမ်းတွင် အိမ်စီးကားက Town Ace ကားနောက် ပိုင်းကိုဝင်တို-က် (၁)ဦး‌ေ-သဆုံး (၁၂)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က အိမ်စီးကားက Town Ace ကားနောက်ပိုင်းကိုဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ‌ နေပြည်တော်ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား၊ အမျိုးသမီး(၁၃)ဦးလိုက်ပါလာသောTown Ace ကားသည် ညာဘက်ယာဉ်ကြောအတိုင်းမောင်းနှင်လာစဥ် မိုင်တိုင် အမှတ် ၁၄၂/၁ နှင့် ၁၄၂/၂ ကြားအရောက် နောက်မှလိုက်လာသော အိမ်စီးကားကအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ထိုသို့ တို-က်မိမှုကြောင့် Town Ace ကားမှာလမ်းညာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ကာ အိမ်စီးကားသည် လက်ဘယ်ဘက်ယာဥ်ကြောပေါ်သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071