သောကြာနေ့မှစတင်ကာ နှစ်နိုင်ငံ ဒုံးကျည်များဖြင့် အပြန်အလှန်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသောကြောင့် တေရန်ရှိ လက်နက်ထုတ် စက်ရုံများအနီးအနား၌ နေထိုင်ကြသော အီရန်နိုင်ငံသားများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အစ္စရေးက တနင်္ဂနွေနေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်သည် အဆိုပါနေရာများကို တိုက်ခိုက်မည်ဖြစ်ပြီး နျူကလီးယားစွမ်းရည်များနှင့် လက်နက်စနစ်များကို ပစ်မှတ်ထား၍ တေရန်နှင့် နေရာတိုင်းရှိ အီရန်၏ ကို အရေ-ခွံခွါပစ်မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်ကသတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
အစ္စရေးသည် အီရန်နိုင်ငံရှိ လက်နက်စက်ရုံများအနီး နေထိုင်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း X ပေါ်တွင် အာရဗီ၊ ဖာစီ ဘာသာစကားတို့ဖြင့် ရေးသားဖေါ်ပြထားသည်။
သတိပေးချက်တွင် လက်နက်စက်ရုံများနှင့် အထောက်အကူပြု အဆောက်အအုံများ အားလုံးပါဝင်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အစ္စရေးသည် အီရန်နိုင်ငံ အနေဖြင့် အဏုမြူလက်နက်များကို ရပိုင်ဆိုင်ရရှိသွားခြင်းကို တားမြစ်ရန်နှင့် အီရန်၏ ပဲ့ထိန်းဒုံးကျည် စွမ်းဆောင်ရည်များကို ရှင်းလင်းပစ်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့် သောကြာနေ့မှစကာ အီရန်ကို ၎င်း၏ အကြီးဆုံး စစ်ရေးတိုက်ခိုက်မှုကို စတင်နေခဲ့သည်။
Ref: ဘန်ကောက်ပို့စ်