ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းကကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၃/၂၀၂၅)တွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ဖြင့်ပြန်လည်လျှောက်လှမ်းရန်ဆိုပါက ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပေးရန်လိုကာ ယနေ့ နိုင်ငံတော်အစိုးရအား ဆန့် ကျင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအ နေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို အောင် မြင်အောင်ပူးပေါင်းဆောင်ရွက်မှသာ ပေါ်ပေါက်လာမည့် လွှတ်တော်များတွင် မိမိတို့၏လိုလားချက်များကို ဥပဒေနှင့်အညီ တရားဝင်တင်ပြဆောင်ရွက်ခွင့်ရမည်ကို တရားဝင်အသိပေးပြောကြားလိုကြောင်းသည်ဟု ပြောသည်။
” လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံတော်မှာရွေးကောက်ပွဲမကျင်းပရင် ပြည်သူလူထုလိုလားတောင့်တတဲ့ ဒီမိုကရေစီဟာ နိုင်ငံတော်မှာဆိတ် သုဉ်းနေမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မိမိတို့အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများကြားကပင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အ ကြောင်းအရာသန်းခေါင်စာရင်းကို အောင်အောင် မြင်မြင်ကောက်ယူနိုင်ခဲ့ပြီး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအား အပိုင်းလိုက်ခွဲဆောင်ရွက်ပါက အောင်မြင်မည်ကိုယုံကြည်သည်ဟု ပြောသည်။”
ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနဲ့အညီ လွှတ်တော် အသီးသီးပေါ်ပေါက်လာရင် နိုင်ငံတော်တည် ဆောက်ရေးလုပ်ငန်းတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိာ ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကို အားလုံးဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်နက် ကိုင်ပဋိပက္ခများသည် မူလကပင်ရှိခဲ့ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာစဉ်ကပါရှိခဲ့သည့် ကိစ္စတစ်ခုမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဟူသည် အချိန်ယူပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းနိုင်မှသာ စစ်မှန်သည့်ထာဝရငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မည်ဟု ပြောသည်။
