ရုရှခရီးသွားအများစုက မြန်မာကို စိတ်ဝင်စားသော်လည်း ဆိုင်များတွင် ရုရှ လိုမရေးထားခြင်း၊ ဒေသခံများကရုရှ စကား မပြောခြင်းများက ၄င်းတို့ လာရောက်လည်ပတ်ရန် အခက်ခဲတစ်ခုဟုဆိုကြသည်။
ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်ဝင်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံမှ ရုရှားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ၎င်းတို့နိုင်ငံ၏ ဘာသာစကားများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရုရှားဘာသာစကား ဒီပလိုမာသင်တန်းများ၊ ရုရှားဘာသာစကား (အခြေခံ) သင်တန်းများနှင့် မွမ်းမံသင်တန်းများ ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရုရှားဘာသာစကား (အခြေခံ)သင်တန်းကို နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများ၊ မာရဝိဇယ၊ ဥပ္ပါတသန္တိဘုရားဂေါပကအဖွဲ့တို့မှ ရွေးချယ်စေလွှတ်သည့် ဝန်ထမ်းများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဝန်ထမ်းများတက်ရောက်ကြကြောင်း သိရသည်။
ယင်းသင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
