ရှမ်း/မြောက် သီပေါ-လားရှိုးအကြားပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဥ့်အင်တံတားကို ယနေ့ ဇန်နဝါရီ(၁၆)ရက်မှစတင်ကာ ကြံ့ခိုင်ရေးပိုမို ကောင်းမွန်စေရန် ပြန်လည်ပြင်ဆင်မှုများမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသတွင်းခရီး သွားတစ်ဦးထံက သိရသည်။
အဆိုပါ တံတားပြင်ဆင်နေသည့် အချိန်အတွင်း စဉ့်အင်ဖောင်ဆိပ်ကို အချိန်တိုးဖွင့်လှစ်ပေးထားပြီး ၊ နံနက် (၇)နာရီမှ ည(၇)နာရီအထိ အတက်အဆင်းယာဉ်များကို ကမ်းကူးပေးသွားမည်ဖြစ် ကြောင်း သိရသည်။
“တံတားက ပြုပြင်ချိန်လေးရက် (၅)ရက်လောက်ကြာမယ်ပြောတယ်။ တံတားကြံ့ခိုင်ရေးအတွက် လိုအပ်တာတွေလုပ်မယ်ထင်ပါတယ်။ မိုးမကျခင် ပြုပြင်စရာရှိတာပြုပြင်တာ ကောင်းပါတယ်”ဟု အဆိုပါ ခရီးသွားတစ်ဦးက ဆိုသည်။
စဉ့်အင်တံတားကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလ ည်း (၄)ရက်ကြာ ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ကာ ခံနိုင်ဝန်အား စစ်ဆေးခဲ့ကြသေးကြောင်း သိရသည်။
စဉ့်အင်တံတားမှာ ရှမ်း/မြောက်အတွင်း ဖြစ်ပွားခဲ့သည့် ၁၀ ၂၇ ပထမ အကျော့တိုက်ပွဲများအတွင်း လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့ပြီးနောက် (၉)လခန့် အကြာတွင် ပြန်လည်ပြုပြင်၍ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ စဥ့်အင်တံတားမှ ဖြတ်သန်းခွင့်မပြုခင်အချိန်က ဒေသတွင်းခရီးသွားများအနေဖြင့် နမ့်လန်မှ ဆောင်ကြဲအ ထိ (၃)နာရီကြာ တောလမ်းများမှတဆင့် မောင်းနှင်ကြရပြီး ဆောင်ကြဲမှ ဟိုယ-နမ့်ပေါင်-လားရှိုးသို့ တစ်ကွေ့တစ်ပတ်သွားလာခဲ့ကြရကြောင်း သိရသည်။
ရှမ်း/မြောက်တိုက်ပွဲအတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တလျှောက်ရှိ ကျောက်မဲ- သီပေါ ဆက်သွယ်ထားသည့် ကျင်သီတံတား၊ လားရှိုး – ကွတ်ခိုင် ဆက်သွယ်ထားသည့် သိန္ဒီတံတား၊ လားရှိုး-သီပေါ ဆက်သွယ်ထားသည့် စဉ့်အင်တံတား၊ လားရှိုး – နမ္မတူ(နမ်ဆမ်)ဆက်သွယ်ထားသည့် အီနိုင်း တံတား၊ သီပေါ – နမ္မတူ ဆက်သွယ်ထားသည့် မိုးတေတံတားနှင့် ကျောက်မဲ – မိုင်ငေါ့ ဆက်သွယ်ထားသည့် နန့်မန်းတံတားတို့ ပျက်ဆီးခဲ့ရသည်။
ဓာတ်ပုံ-CJ