Tuesday, September 22, 2026

ဆေးတက္ကသိုလ်များ ဝင်ခွင့်လျှောက်လွှာ စက်တင်ဘာ ၂၈...

အောက်တိုဘာ ၁၆ ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်လွှာများကို...

နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းနှိမ်နင်းရေးတွင် တောင်ကိုရီးယား-ကမ္ဘောဒီးယား...

ဖနွမ်းပင်၊ စက်တင်ဘာ ၂၂ အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် ဆက်နွှယ်သည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ကြီးထွားလာနေချိန်၌ တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားတို့၏ ပူးပေါင်းနှိမ်နင်းရေးအစီအစဉ်သည် ဒေသတွင်းနိုင်ငံများအတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတစ်ခု...

ဟူသီတို-က်ခိုက်မှုများ ရင်ဆိုင်နေရသည့် ဆော်ဒီကို ဗြိတိန်...

ဆော်ဒီတိုက်လေယာဉ်များကို ဝေဟင်ဆီဖြည့်ပေးမည် လန်ဒန်၊ စက်တင်ဘာ ၂၂ အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့များ၏ ဒုံးကျည်နှင့် ဒရုန်းတို-က်ခိုက်မှုများ ရင်ဆိုင်နေရသည့် ဆော်ဒီအာရေဗျကို ကာကွယ်ရေးဆိုင်ရာ စစ်ဘက်အကူအညီပေးရန် ဗြိတိန်က သဘောတူလိုက်ကြောင်း...

တိုက်ဖုန်းဒူဂျွမ်းကြောင့် ဂျပန်တွင် နှစ်ဦး‌ေ-သဆုံး၊ တိုကျိုအနီး...

တိုကျို၊ စက်တင်ဘာ ၂၂ အင်အားပြင်း တိုင်ဖုန်းဒူဂျွမ်း ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ဖြတ်သန်းတိုက်ခတ်မှုကြောင့် လူနှစ်ဦး‌ေ-သဆုံးပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည့်အပြင် လေကြောင်းနှင့် ရထားခရီးစဉ်...
HomeNewsLocal Newsရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ...

ရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ပြန်ပြုရန် လွှတ်တော်၌ မေးမြန်း

တတိယနိုင်ငံသားများကို Package Tour ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်ဟု ဒုဝန်ကြီးပြော

နေပြည်တော်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ယခင်က နိုင်ငံခြားခရီးသွားများ လှည့်လည်သွားလာခွင့်ရှိခဲ့သည့် မြို့နယ်များသို့ ပြည်ပခရီးသွားများ စနစ်တကျ ပြန်လည်ဝင်ရောက်လည်ပတ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တတိယနိုင်ငံသားများကို Package Tour အစီအစဉ်ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်/ထွက်ခွင့်ပြုထားပြီး တာချီလိတ်-ကျိုင်းတုံ ခရီးစဉ်လမ်းကြောင်းအတိုင်း လည်ပတ်ခွင့်ပြုလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တာချီလိတ်နယ်စပ်ဂိတ်ကို ယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ကာ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဝင်/ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့သော် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အွန်လိုင်းလိမ်လည်မှုများ ထိန်းချုပ်တားဆီးရေးအတွက် တတိယနိုင်ငံသားများကို ဗီဇာအမျိုးမျိုးဖြင့် တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ဝင်/ထွက်ခွင့်အား ၂၀၂၃ ခုနှစ် ဇွန်လမှစ၍ ကန့်သတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ကော့သောင်း အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်မှသာ ဝင်/ထွက်ခွင့်ပြုခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်နေ့မှစတင်၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စိစစ်တင်ပြချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တတိယနိုင်ငံသားများကို Package Tour အစီအစဉ်ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ပြန်လည်ဝင်/ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်လာသူများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကန့်သတ်နယ်မြေများမှအပ တာချီလိတ်-ကျိုင်းတုံ ခရီးစဉ်လမ်းကြောင်းအတိုင်း လည်ပတ်ခွင့်ရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှ ယခုအချိန်အထိ တတိယနိုင်ငံသား ၃၄ ဦးနှင့် ထိုင်းနိုင်ငံသား ၂,၇၄၆ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဖြင့်လည်းကောင်း၊ တတိယနိုင်ငံသားများကို Package Tour အစီအစဉ်ဖြင့်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ ဝင်/ထွက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆေးတက္ကသိုလ်များ ဝင်ခွင့်လျှောက်လွှာ စက်တင်ဘာ ၂၈ ရက်မှ စတင်လက်ခံမည်

အောက်တိုဘာ ၁၆ ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ စတင်လက်ခံသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုကို ပထမဦးစားပေး လျှောက်ထားလိုသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့) က ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။ ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို ပထမဦးစားပေးလျှောက်ထားသူများသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ ဆေးတက္ကသိုလ် (၁)...

နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းနှိမ်နင်းရေးတွင် တောင်ကိုရီးယား-ကမ္ဘောဒီးယား ပုံစံ စံနမူနာဖြစ်လာ

ဖနွမ်းပင်၊ စက်တင်ဘာ ၂၂ အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် ဆက်နွှယ်သည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ ကြီးထွားလာနေချိန်၌ တောင်ကိုရီးယားနှင့် ကမ္ဘောဒီးယားတို့၏ ပူးပေါင်းနှိမ်နင်းရေးအစီအစဉ်သည် ဒေသတွင်းနိုင်ငံများအတွက် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတစ်ခု ဖြစ်လာကြောင်း Khmer Times က ဖော်ပြသည်။ အွန်လိုင်းလိမ်လည်မှုကွန်ရက်များသည် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် အခြားဒေသများတွင် အခြေစိုက်လှုပ်ရှားနေပြီး အချစ်ရေးအယောင်ဆောင်လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုအတုအယောင်၊ ဖုန်းနှင့် အွန်လိုင်းမှ လိမ်လည်မှုများမှတစ်ဆင့် နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ ရရှိနေကြောင်း ဖော်ပြထားသည်။ ယင်းလုပ်ငန်းများသည် လူကုန်ကူးမှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ငွေကြေးခဝါချမှုတို့နှင့်လည်း ဆက်နွှယ်နေပြီး INTERPOL မှတ်တမ်းများအရ...

ဟူသီတို-က်ခိုက်မှုများ ရင်ဆိုင်နေရသည့် ဆော်ဒီကို ဗြိတိန် စစ်ဘက်ဆိုင်ရာအကူအညီပေးမည်

ဆော်ဒီတိုက်လေယာဉ်များကို ဝေဟင်ဆီဖြည့်ပေးမည် လန်ဒန်၊ စက်တင်ဘာ ၂၂ အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့များ၏ ဒုံးကျည်နှင့် ဒရုန်းတို-က်ခိုက်မှုများ ရင်ဆိုင်နေရသည့် ဆော်ဒီအာရေဗျကို ကာကွယ်ရေးဆိုင်ရာ စစ်ဘက်အကူအညီပေးရန် ဗြိတိန်က သဘောတူလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အန်ဒီ ဘန်းဟမ်းက ပြောကြားသည်။ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့သို့ သွားရောက်စဉ် ဝန်ကြီးချုပ် ဘန်းဟမ်းက ဆော်ဒီအာရေဗျ၏ အကူအညီတောင်းခံမှုအရ ကာကွယ်ရေးတာဝန်ထမ်းဆောင်သည့် ဆော်ဒီတိုက်လေယာဉ်များကို ဗြိတိန်တော်ဝင်လေတပ်က ဝေဟင်၌ ဆီဖြည့်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။ ယင်းစစ်ဆင်ရေးအတွက် RAF Voyager ဝေဟင်ဆီဖြည့်လေယာဉ်တစ်စင်းကို အသုံးပြုမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စတင်ရန်ရှိကာ အကူအညီပေးမှုကို အချိန်ကာလကန့်သတ်ထားမည်ဖြစ်သည်။ ဗြိတိန်၏ စစ်ဘက်အကူအညီသည် ဟူသီတပ်ဖွဲ့များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071