Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ – ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။
၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင် သွင်းဂိုး (၂) ဂိုး သွင်းယူထားနိုင်သူဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာယူ-၁၆ အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် မြန်မာယူ-၁၇ အသင်းအတွက် ဆက်လက်ရွေးချယ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ်တွင် ဦးစိုးမြတ်မင်း ကိုင်တွယ်သည့် မြန်မာယူ-၁၉ အသင်းအတွက် ထပ်မံရွေးချယ်ခံခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပသည့် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သူဖြစ်သည်။
သူသည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၂၃ ခုနှစ်တွင် ISPE အသင်းနှင့်အတူ စတင်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် Glory Goal အသင်းသို့ ပြောင်း ရွှေ့ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ရှမ်းယူနိုက်တက်ယူ-၂၀ အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ အသင်းနှင့်အတူ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။