တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်၌ လွှတ်တင်ခဲ့ကြသည်ကြောင်း သိရသည်။
