Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsFootballရှမ်းယူနိုက်တက်အသင်းအတွက် အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ် မြဝတီအသင်းဖြင့်...

ရှမ်းယူနိုက်တက်အသင်းအတွက် အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ် မြဝတီအသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတလျောက် အုပ်စုတွင်း ထိပ်ဆုံး၌ ရပ်တည်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ဇန်နဝါရီ လ(၂၆)ရက်၌ နောက်ဆုံးပွဲစဉ်အနေဖြင့် မြဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်းယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ ပြိုင်ဘက် မြဝတီအသင်းသည် အုပ်စုတွင်း ရမှတ်(၅)မှတ်ဖြင့် အဆင့်(၁၃) နေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းမှာ အုပ်စုတွင်း ရမှတ်(၄၆)မှတ်ဖြင့် အဆင့်(၁)နေရာ၌ ရပ်တည်နေသည့် အသင်းဖြစ်ပြီး၊ Asean Club Championship Shopee Cup 2024 – 25 ပြိုင်ပွဲတွင်လည်း နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေရသည့် အသင်းတစ်သင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြီးဆုံးတော့မည်ဖြစ်သည့် Myanmar National League 2024-25 ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ် ဇူလိုင် (၆)ရက်မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်း ပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ “ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် -...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။ “သူက တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းတယ်၊ တွေ့ဆုံကြဖို့ ငါသဘောတူလိုက်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ငါတို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသွားကြမယ်၊ အရမ်းအဆင်ပြေပါတယ်” ဟု သူက ဆိုသည်။ တွေ့ဆုံမည်ရက်ကို မသိရသေးသော်လည်း...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က ထိုင်းကိုအနိုင်ယူ၊ တောင်ကိုရီးယားကလည်း ဆီးရီးယားကို အနိုင်ရ

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟီဆာတစုဂု အီရှီ က ၁၄ မိနစ်မှာ ဂျပန်အတွက် ပထမဂိုးကိုသွင်းယူပြီး၊ ရီယွန်း အစ်ချီဟာရာ သည် ၃၃ မိနစ်တွင် ပင်နယ်တီ မှ တစ်ဆင့် ဒုတိယ ဂိုးကို သွင်း ခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071