Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsFootballရှမ်းယူနိုက်တက်နှင့် BG Pathum...

ရှမ်းယူနိုက်တက်နှင့် BG Pathum United အသင်းတို့၏ ပွဲစဉ်တွင် ပရိတ်သတ်အတွက် လက်မှတ်စီစဉ်ပေးမည်

Asean Club Championship Shopee Cup 2024 – 25 ရှမ်းယူနိုက်တက်နှင့် BG Pathum United အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ရှမ်းယူနိုက်တက်အသင်းက ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် ပရိတ်သတ်အတွက်လက်မှတ် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ ပွဲစဉ်အတွက် ယနေ့ ညနေပိုင်းတွင် ပွဲကြိုသတင်းစားရှင်လင်းပွဲတစ်ရက် ပြုလုပ်မည်ဖြစ်ပြီး အသင်း (၂) သင်း၏ အကြိုလေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ယခု ယှဉ်ပြိုင်သည့် ACC ပြိုင်ပွဲကို Myanmar National League ၂၀၂၃ ချန်ပီယံအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပြီး၊ BG Pathum အသင်းအနေဖြင့် Thai League Cup 2023 – 24 ချန်ပီယံ အဖြစ် ကစားခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

ACC အုပ်စုအဆင့် ပွဲစဉ် (၃) ပွဲစီ ကစားပြီးချိန်၊ ရှမ်းယူနိုက်တက်အသင်းက ရမှတ် (ဝ) မှတ်ဖြင့် အဆင့် (၆)၊ BG Pathum က ရမှတ် (၅) မှတ်ဖြင့် အဆင့် (၃)၌ အသီးသီး ရပ်တည်နေသည့် အသင်းများဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(A)အတွင်း ကျရောက်နေပြီး၊ ထိုင်းကလပ် BG Pathum United အသင်း ၊ မလေးရှားကလပ် Terengganu အသင်း၊ အင်ဒိုနီးရှားကလပ် PSM မာကာဆာ အသင်း၊ ဗီယက်နမ်ကလပ် Dong A Thanh Hoa အသင်း ၊ ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၈) ရက်တွင် မလေးရှားကလပ် Terengganu အသင်းကို အိမ်ကွင်း၌ လည်းကောင်း ၊ဇန်နဝါရီ (၂၂) ရက်တွင် ထိုင်းကလပ် BG Pathum United အသင်းကို အိမ်ကွင်း၌လည်းကောင်း၊ ဖေဖော်ဝါရီ (၅) ရက်တွင် ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းကို အဝေးကွင်း၌ လည်းကောင်း အသီးသီးသွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071