Monday, August 3, 2026

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင်...

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း...

ပါကစ္စတန်မှာ တောင်ပြိုကျ၊ နီပေါ ၆...

ပါကစ္စတန်နိုင်ငံ၏ ၈,၀၅၁ မီတာမြင့်သော Broad Peak တောင်တွင် ဇူလိုင်လ ၃၀ ရက် နေ့ နံနက်ပိုင်းက ကြီးမားသော နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsရှမ်းပြည်(တောင်ပိုင်း)ရောက် စစ်ဘေးရှောင်များအား အပြည်ပြည်ဆိုင်ရာ...

ရှမ်းပြည်(တောင်ပိုင်း)ရောက် စစ်ဘေးရှောင်များအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့က ကူညီမှုများပြုလုပ်ပေး

ရှမ်းပြည်(တောင်ပိုင်း)ရောက် စစ်ဘေးရှောင်များအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ကူညီမှုများပြုလုပ်ပေး

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့်မြန် မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်တို့က က ယားပြည်နယ်မှရှမ်းပြည်(တောင်ပိုင်း)သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီမှုများပြု လုပ်ပေးခဲ့ကြသည်။

ရှမ်းပြည်(တောင်ပိုင်း)ရှိ တောင်ကြီး၊ဆီဆိုင်၊ပင် လောင်း၊ညောင်ရွှေ၊ကလော၊ပင်းတယ၊ရပ်စောက်နှင့်လဲချားမြို့များ၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ယာယီကယ်ဆယ်ရေးစခန်း ၁၅၁ ခုရှိ အိမ်ထောင်စု ၂၄၅၇ စုမှလူဦးရေ ၇၇၁၂ ဦးတို့အတွက် ကူညီမှုများပြုလုပ်ပေးခဲ့ကြခြင်းဖြစ်သည်။

ရှမ်းပြည်(တောင်ပိုင်း)မှ ကြက်ခြေနီများအဖွဲ့ဝင်များက စစ်ဘေးရှောင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊လူနာများအားဆေးရုံသို့ လွှဲပြောင်းပေးခြင်း၊ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာယာယီရေလှောင်ကန်၊ယင်လုံအိမ်သာနှင့်အမှိုက်ကန်များဆောက်လုပ်ပေးခြင်း၊ယာယီစခန်းများတွင် အမိုးအကာနှင့်ရေချိုးကန်ကာရံပေးခြင်း၊အောက်ကြမ်းပြင်အခင်းပြားများဖြန့်ဝေပေးခြင်း၊ယာယီစာသင်ဆောင်ပြုလုပ်ပေးခြင်း၊ကျောင်းဝတ်စုံနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း၊မိသားစုပြန်လည်ဆက်သွယ် ပေးခြင်းနှင့်ခြေတုတပ်ဆင်နိုင်ရန်ဆက်သွယ်ပေးခြင်းတို့အားပြုလုပ်ပေးခဲ့ကြသည်။

ထို့ပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၆၀၇ ခု၊ နှာခေါင်းစည်း ၂၅၁၂ ခု၊ လက်သန့်ဆေးရည် ၇၂၄၃ ဗူး၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း ၂၂၀၇ ခု၊ ဖျာ ၁၀၈၄ ချပ်၊ စောင် ၂၆၁၆ ထည်၊ ဆေးစိမ်ခြင်ထောင် ၂၅၄၂ ထည်၊ ဆပ်ပြာ ၁၂၀၆ တုံး၊ မွေးကင်းစကလေးအသုံးအဆောင် ၆၇ ခု၊ ရေပုံး ၇၈၂ လုံး၊ ဆိုလာမီးအိမ် ၄၉၅ ခု၊ ကြိုး ၂၄ ခု၊ တာပေါ်လင် ၅၀၈ စ၊ တစ်ကိုယ်ရည်သုံးပစ္စည်း ၁၃၉၄ စုံ၊ မိသားစုအသုံးအဆောင်ပ စ္စည်း ၆၉ စုံ၊ မီးဖိုချောင်သုံးပစ္စည်း ၉၇ စုံနှင့် ကျောင်းသုံးပစ္စည်း ၃၀ စုံတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ယာယီကယ်ဆယ်ရေးစခန်းအချို့၌ လိုအပ်သည့် သုံးရေနှင့်သောက်ရေထောက်ပံ့နိုင်ရန် ရေသန့်စက်တည်ဆောက်ပြီး သန့်ရှင်းသော သောက်သုံးရည်ဖြန့်ဝေနိုင်ရန်နှင့်စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် ရွေ့လျားဆေးခန်းဖွင့်လှစ်၍ အခြေခံကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်လည်း စီစဉ်လျက်ရှိသည်။

Zaw Gyi







Ads Space Available


Continue reading

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၀၂) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။         မြို့တော်ကိုလံဘိုအပြင်ဘက်ရှိ မဟာရာထောင်တွင် အကျဉ်းသာများသည်  အဆောက်အအုံများစွာကို ဖျ-က်ဆီးခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါ မီဒွာတီက ပြောကြားခဲ့သည်။         တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းပြီး အကျဉ်းသားများကို ၎င်းတို့အချုပ်ခန်းများသို့ ပြန်ပို့ရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွန်မန်ဒိုများကို အင်အားဖြည့်တင်းခဲ့ကြောင်း မီဒွာတီက ထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။        ၂၀၂၀...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး အစောပိုင်းက သတင်းထုတ်ပြန်ထားသည့် ‌ေ-သဆုံးသူ ဦးရေထက် မြင့်တက်လာခြင်းဖြစ်သည်။        ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ရှိ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။       စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071