ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၂)လုံး အမိုးလန်ပျ-က်စီးမှုများ ဖြစ်ပွားခဲ့ရကြောင်း အောင်ပန်းနယ်မြေ မီးသ-တ်စခန်းမှ သိရသည်။
အောင်ပန်းမြို့၊ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာတွင် ယမန်နေ့ ဧပြီ (၂၇) ရက်၊ ညနေ (၃)နာရီ (၁၀)မိနစ် အချိန်ခန့်က လေပြင်းတို-က်ခတ်မှုဖြစ်ပွားပြီး လူနေအိမ်များပျ-က်စီးခဲ့ရကြောင်း သတင်းအရ အောင်ပန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသ-တ်ယာဉ်(၁)စီး၊ သန္ဓေမီးသ-တ်တပ်ဖွဲ့ဝင်များ၊အရန် မီးသ-တ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၂)လုံး အမိုးလန်ပျ-က်စီးခဲ့ရပြီး လေဘေးသင့်ပြည်သူ အမျိုးသား (၂၂)ဦး၊ အမျိုးသမီး (၂၁)ဦး၊ စုစုပေါင်း(၄၃)ဦးအား နီးစပ်ရာဆွေမျိုးများ အိမ်သို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ဧပြီ (၂၇) ရက်၊ နေ့လယ် (၂)နာ ရီခွဲအချိန်ခန့်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျ-က်စီးမှုဖြစ်ပွားခဲ့ရပြီး နမ့်စန်မြို့နယ် မီးသ-တ်စခန်းမှ မီးသ-တ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသ-တ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရသေးကြောင်းလည်း သိရသည်။