၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ်ပွဲ အုက်စုအဖွင့်ပွဲမှာ မကာအိုအသင်းကို ဟက်ထရစ်ဂိုးသွင်းယူခဲ့တဲ့ ရှင်းသန့်ဖြူစင်ပြုံးရဲ့ အဖွင့်သွင်းဂိုးတစ်ဂိုးနဲ့ ပထမပိုင်း ပွဲအနိုင်ရလဒ် ထွက်ပေါ်နေပြီဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာ (၁၇)ရက်မှာ အုပ် စုနောက်ဆုံးပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားနေတဲ့ မြန်မာ-အင်ဒိုနီးရှားပွဲစဉ်မှာ နောက် ကျသွင်းဂိုး ပွဲချိန် (၄၅)မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီနေ့ ယှဉ်ပြိုင်ကစားနေတဲ့အင်ဒိုနီးရှားအသင်းကို အနိမ့်ဆုံးသရေကစားနိုင်ခဲ့ရင်တောင် ၂၀၂၆ ယူ-၁၇ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ သုံးသင်းသာပါဝင်တဲ့ အုပ်စု (C)မှာ ကျရောက်ခဲ့ပြီး အုပ်စုအဖွင့်မကာအိုအသင်းနဲ့ပွဲမှာ(၇)ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
ဒုတိယပိုင်းပွဲချိန်မှာ မြန်မာ ယူ-၁၇ အမျိုး သမီးအသင်းရဲ့ စွမ်းဆောင်ရည်နဲ့အတူ ၂၀၂၆ ယူ-၁၇ အမျိုးသမီးအာရှဖလားပြိုင်ပွဲကို တက်လှမ်းနိုင်မလဲဆိုတာကို စောင့်မျှော်ကြည့်ရမှာဖြစ်ပါတယ်။
