ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များရွှေဆိုင်များနှင့် အွန်လိုင်းမှ ရွှေရောင်းဝယ်သူများအားလုံး ရွှေဆိုင်နှင့်ပတ်သက်သည့် လိုင်စင်များကို မဖြစ်မနေလျောက်ထားကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ယနေ့ ဇွန်လ (၁၂)ရ က်တွင် အထူးသတိပေးပြန်ကြားလွှာ ထုတ်ပြန်အသိပေးထားသည်။
ရွှေဆိုင်လုပ်ငန်းတစ်ခုတွင် ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်မှုလုပ်ငန်းလိုင်စင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေးလုပ်ငန်း အသိမှတ်ပြုမှတ်ပုံတင်လက်မှတ်နှင့် ကုန်စည်ထုတ်သူ(သို့မဟုတ်)ကုန်သွယ်မှုဆောင်ရွက်သူ (သို့မဟုတ်)ဝ န်ဆောင်မှု ဆောင်ရွက်သူများအားထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို လျှောက်ထားရန် လိုအပ်ကြော င်း YGEA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အွန်လိုင်း လိုင်စင်လျှောက်ထားသူများအနေဖြင့်လည်း ww w.ecommerce.gov.mm ဝက်ဆိုဒ်တွင် ဝင်ရောက်လျှောက် ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းမှ ရွှေရောင်းဝယ်သူများ အနေဖြင့် ငွေစုစာအုပ်ဖြင့် ရွှေရောင်းခြင်း၊ တာလီစနစ်ဖြင့် ရောင်းချခြင်း၊ကံစမ်းမဲဖောက်ပြီး ရောင်းချခြင်းများ မပြုလုပ်ကြရန်လ ည်း အသိပေးထားသည်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက်လည်း သတ်မှတ်ဈေးနှု န်းဖြင့်သာ ရောင်းချခြင်းနှင့် လိုအပ်သည့်လိုင်စင်များလည်း လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများက လာရောက်စစ်ဆေးချိန် ညွှန်ကြားချက်များကို လိုက် နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ကိုကြိုတင်အသိ ပေးကြောင်း YGEA က ဆိုသည်။