Looking for something?

Explore the website

Looking for something?

Thursday, July 31, 2025

ဦးတည်ချက်အသစ် (၄)ရပ်ချမှတ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအပါအဝင် ဦးတည်ချက်(၄)ရပ်ကိုချမှတ်ခဲ့သည်။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေးအား ဦးတည်ချက်(၁)အဖြစ်ချမှတ်ခဲ့သည်။ ဦးတည်ချက်(၂)အဖြစ် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့်...

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဗိုလ်ချုပ်မှူးကြီး...

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်ကာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ယနေ့ ဇူလိုင်လ (၃၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု...

နစက အာဏာပြန်အပ်ပြီးနောက် ဦးညိုစော နိုင်ငံတော်ဝန်...

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့ စ ည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင် စု အစိုးရအဖွဲ့ကို ယနေ့...

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ခန့်အပ်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ်ကို ဦးအောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကိုခန့် အပ်လိုက်ကြောင်း သိရသည်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအမိန့်အမှတ်၊ ၂ /၂၀၂၅ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတ(တာဝန်)က...
HomeNewsLocal Newsရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို...

ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ဈေးမြှင့်တင်ရောင်းချပါက အရေးယူမည်ဟု MRF ထုတ်ပြန်

စပါးအသစ်ပေါ်ချိန် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ရည်ရွယ်ချက်ရှိရှိ ဈေးမြှင့်တင်ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအားတွေ့ရှိလာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုများကိုတွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

သို့ဖြစ်၍ ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊မနေသုခစသည့် ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ(လုံးဝ) မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေးသတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံတိုက်တွန်းထားသည်။

အဆိုပါ ပြည်တွင်းစားဆန်များသည် ပြည်ပတင်ပို့မှု လုံးဝမရှိဘဲ ပြည်တွင်း၌သာ ပစ္စည်းမှန်၊ ဈေးမှန် ရောင်းဝယ်ကြသည့် ဆန်များဖြစ်ပြီး လက်ရှိတွင် အဆိုပါ ပြည်တွင်းစားဆန်ပေါ်ဆန်းများကို Export ပို့၍ဈေးတက်သည်၊ သဘာဝဘေးဒဏ်ကြောင့် အထွက် အလွန်ထိခိုက်သည်ဆိုကာ ရည်ရွယ်ချက်ရှိရှိဖြင့် အချို့သောကုန်သည်များမှ ထုတ်ပြန်လာသည့် သတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။

ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းမပြုပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ (၅)အရ တရားစွဲဆို အရေးယူခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်းစသည့် အ‌ရေးယူခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးတည်ချက်အသစ် (၄)ရပ်ချမှတ်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအပါအဝင် ဦးတည်ချက်(၄)ရပ်ကိုချမှတ်ခဲ့သည်။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေးအား ဦးတည်ချက်(၁)အဖြစ်ချမှတ်ခဲ့သည်။ ဦးတည်ချက်(၂)အဖြစ် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်စက်မှုကဏ္ဍ(Agro-based Industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးကို ချမှတ်ခဲ့သည်။ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးကို ဦးတည်ချက်(၃)အဖြစ် ချမှတ်ထားသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်း စဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလို လားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု ၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးကို ဦးတည်ချက်(၄)အဖြစ် ချမှတ်ထားသည်။

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်ပြီးဖွဲ့စည်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်ကာ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ယနေ့ ဇူလိုင်လ (၃၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ်၊ ၄ /၂ဝ၂၅ ၊ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် (၂၀၂၅ ခုနှစ်၊ ဇူလိုင် လ ၃၁ ရက်) ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ...

နစက အာဏာပြန်အပ်ပြီးနောက် ဦးညိုစော နိုင်ငံတော်ဝန် ကြီးချုပ် ဖြစ်လာ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့ စ ည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ) အရ ပြည်ထောင် စု အစိုးရအဖွဲ့ကို ယနေ့ ဇူလိုင်(၃၁)ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဦးညိုစောက နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာသည်။ ဦးညိုစောသည် နိုင်ငံတော်ဝန်ကြီးချုပ် ရာထူးအပြင် အမျိုး သားစီမံကိန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး တာဝန်ကိုလည်း ပူးတွဲ တာဝန်ယူရမည် ဖြစ်သည်။ ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စု အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင် သုံးဆယ်ဦးပါဝင်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးတင်အော င်ဆန်း၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂)၏ ပြည်ထော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071