ရှမ်း/အရှေ့၊ တာချီလိတ်မြို့တွင် တည် ထားကိုးကွယ်ထားသည့် ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ယမန်နေ့ ဧပြီ (၂၇)ရက် နံနက်ပိုင်းက ရွှေတိဂုံရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့ကြခြင်းပြီး၊ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်တန်းသာသနာပြု ဆရာ တော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တ သုခမိန္ဒမဟာထေရ်မြတ် ကြွချီခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန် ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် တက်ရောက်ခဲ့ကြကာ
ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့် ဆောင်ပြီး စေတီတော်မြတ်အား လက် ယာရစ်လှည့်လည်ပူဇော်ကာ ရတနာစိန် ဖူးတော်နှင့် ငှက်မြတ်နားတော်များကို စေတီတော်ကြီးတွင် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။