Saturday, May 24, 2025

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...
HomeNewsLocal Newsရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် Tik...

ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် Tik Tok မရိုက်ရန် ဘုရားဂေါပကအဖွဲ့မှ သတိပေး ဆိုင်းဘုတ်ထောင်ကာ တားမြစ်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ သမိုင်းဝင် လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဘုရားရင်ပြင်တော်ပေါ်တွင် Tik Tok ရိုက်ခြင်းများ မပြုလုပ်ရန် ဘုရားဂေါပကအဖွဲ့က သတိပေး ဆိုင်းဘုတ်ထောင်ကာတားမြစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် အဂါရဝဖြစ်စေသော် ပြုမူနေထိုင်ခြင်းများနှင့် Tik Tok ရိုက်ခြင်းများ မပြုလုပ်ရန် တားမြစ်ပါသည်”ဟု ရွှေတိဂုံစေတီတော် ဘုရားဂေါပကအဖွဲ့ ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ အ သိပေး တားမြစ်ထားခြင်းဖြစ်သည်။

ထို့အပြင် ဘုရားဖူးလာသူ အမျိုးသမီးကိုလည်း စကပ်တို၊ ဘောင်းဘီတို ဝတ်ဆင်လာမှုကို ခွင့်မပြုထားကြောင်း ယခင်အချိန်များကပင် တားမြစ်ထားခြင်းဖြစ်သည်။

“အမျိုးသမီးတွေပဲ အတိုဝတ်မလာရဘူး ထင်နေတာ ဟိုနေ့က ဘုရားသွားတော့ စောင်းတန်းက ဈေးဆိုင်ပိုင်ရှင်တွေက ပုဆိုးတွေပါ ငှားနေတယ်။ ဘောင်းဘီအတိုနဲ့ မတက်ရဘူး အစ်ကို ပုဆိုးငှားပါတယ်လို့ ဈေးဆိုင်က သူတွေက ပြောတယ်။ တားမြစ်ထားလား ဘာလည်း သေချာတော့ မသိဘူး။ တားမြစ်တယ်ဆိုလည်း ကောင်းပါတယ်။ ”ဟု ဘုရားဖူးလာသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဘုရားဖူးပြည်သူများအား Tik Tok ရိုက်ခြင်း တားမြစ်ချက်ကို ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်နှင့် အတက် အဆင်းလှေခါးများတွင် ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ အသိပေးကြေညာထားခြင်းဖြစ်သော်လည်း အဆိုပါ တားမြစ်ချက်ကို မည်သည့်ရက်က စတင်ထုတ်ခြင်းဖြစ်ကြောင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုသည် မိသားစုတစ်စုတည်းဖြစ်သည့်အပြင် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသောအခြေခံအုတ်မြစ် ဖြစ်ကြောင်းကို ပြောကြားလိုက်ပြီး အောင်မြင်မှု အသီးအပွင့်များကို Dong က ချီးကျူးပြောဆိုခဲ့သည်။ လက်ရှိပူးပေါင်းဆောင်ရွက်မှု ယန္တရားကို အပြည့်အဝအသုံးချရန်၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများနှင့် တပ်ဖွဲ့ဝင်လေ့ကျင့်ရေးကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘုံအနာဂတ်ဖြင့် တရုတ်-ထိုင်း အသိုက်အဝန်းကို...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဓာတ်အားပိတ်၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ဖော်ပြပါ မြို့နယ်ရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်ဖြစ်သည်။ ဓာတ်အားပြ-တ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေး...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071