Friday, September 18, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့...

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့...

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...
HomeNewsLocal Newsရွှေတိဂုံစေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌဖူးမြှော်ကြည်ညိုပြီး...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား နစက ဥက္ကဋ္ဌဖူးမြှော်ကြည်ညိုပြီး ရွှေစင်ရွှေပြားများကပ်လှူပူဇော်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြှော်ကြည်ညိုပြီး ရွှေစင်ရွှေပြားများကပ်လှူပူဇော်ကာ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် ရွှေတိဂုံစေတီတော်အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်ကိုလည်း ဖူးမြှော်ကြည်ညိုခဲ့ပြီး ငြမ်းစေတီပေါ်သို့တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှု၊ စိန်ဖူးတော်မြတ်ကြံ့ခိုင်မှုတို့အား ကြည့်ရှုစစ်ဆေးဖူးမြော်ပြီး စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားများနှင့် သာသနာရေးဆိုင်ရာပစ္စည်းများကို ကပ်လှူပူဇော်ခဲ့သည်။

ထို့အတူ ရွှေတိဂုံစေတီတော်ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုအားကြည့်ရှုပြီးနောက် နစက ဥက္ကဋ္ဌနှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့ကလှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်အား ကပ်လှူပူဇော်ခဲ့သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့၏ အထင်ကရ စေတီတော်မြတ်ကြီးဖြစ်ပြီး ခေတ်အဆက်ဆက်မင်းများ၊ အစိုးရများနှင့် စေတနာရှင်ပြည်သူများက အစဉ် အဆက် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင်ကပ်လှူပူဇော်ခဲ့သည်။

ထို့ပြင် ၁၉၃၆ ခုနှစ်တွင် ဒုတိယဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ၃ နှစ်လျှင်တစ်ကြိမ်၊ ၄ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကာ ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်လျှင် တစ်ကြိမ်၊ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူ ဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့အတူ ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ(နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) ၄ နှစ်လျှင်တစ်ကြိမ်၊ ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉ ကြိမ်မြောက်လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူ ဇော်သွားမည်ရာ ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ငြမ်းစေတီကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်ကစတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်မှစ၍ မင်္ဂလာရထားပျံဖြင့် ရွှေပြားသင်္ကန်းတော်များကို စတင်ကပ်လှူပူဇော်ခဲ့သည်မှာ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများကို ယခုနှစ်မတ်လတတိယပတ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား(Gold Plate) ၁၄၀ ချပ်နှင့် ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) ၂၅၀၀ ချပ်တို့ ကပ်လှူရန်ကျန်ရှိနေသဖြင့် အလှူရှင်များအနေဖြင့် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား (Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်းနှုန်းတို့ဖြင့်ကုသိုလ်ပြုလှူဒါန်းနိုင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များဆွေးနွေး

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင်ဆင်ဆောင်ရွက်နိုင်သည့်အချက်များကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်များ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နိုင်ငံရေးပါတီ(၃၂)ပါတီမှကိုယ်စားလှယ်များက ယခင်လက်မှတ်ရေးထိုးခဲ့သည့် Bilateral ပါကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု၊ တိုင်းနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေးစကားဝိုင်းများကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မီဒီယာများ၏အခန်းကဏ္ဍအရေးပါပုံ၊ အငြင်းပွားမှုများကို ဥပဒေနှင့်အညီဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးအပ်နိုင်ရေး၊ နိုင်ငံရေးပါတီများပါဝင်မှုနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းသတ်မှတ်ချက်များသတ်မှတ်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်လာနိုင်ရေး၊ နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်မှ ပြင် ဆင်ဆောင်ရွက်နိုင်သည့်အချက်များ၊...

တိုက်လေယာဉ် ၄၈ စင်း ဆော်ဒီအာရေးဗျကိုရောင်းဖို့ အမေရိကန်ကြိုးပမ်းနေ

​အစိုးရအချင်းချင်း ချုပ်ဆိုတဲ့ စာချုပ်တွေအရ နိုင်ငံခြားစစ်ရေးရောင်းချမှုတွေကို တာဝန်ယူရတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပင်တဂွန်တို့ရဲ့ ပြောကြားချက်အရ အမေရိကန်အစိုးရဟာ ဆော်ဒီအာရေးဗီးယားကို စုစုပေါင်း ဒေါ်လာ ၂၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ F-35 Lightning II Joint Strike Fighter(ဘက်စုံသုံး တိုက်လေယာဉ်) တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ​တိုက်လေယာဉ် တစ်စင်းစီအတွက် အမေရိကန်က Pratt & Whitney F135-PW-100 အင်ဂျင်တစ်လုံးစီ တပ်ဆင်ပေးမှာဖြစ်ပြီး အပိုအင်ဂျင်တစ်လုံးစီကိုလည်း ထည့်ပေးမှာပါ။ ဒါ့အပြင် လုံခြုံရေးအဆင့်မြင့်...

ယူကရိန်းစစ်ပွဲ မပြီးဆုံးခင်မှာပဲ ရုရှားနဲ့ သဘောတူညီမှုတွေလုပ်ဖို့ အိမ်ဖြူတော် စဉ်းစားနေ

The New York Times သတင်းစာက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြချက်အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ မော်စကိုနဲ့ စေ့စပ်ဆွေးနွေးမယ့် ချဉ်းကပ်မှု အသစ်တစ်ရပ်အနေနဲ့ ယူကရိန်းစစ်ပွဲ မပြီးခင်မှာတောင် ရုရှားနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန် အရာရှိတစ်ဦးကတော့ ဒီလို သဘောတူညီချက်တွေ လုပ်တာဟာ ရုရှားနဲ့ ဆက်ဆံရေးကို အသစ်ကနေ ပြန်စဖို့ ဝါရှင်တန်ဘက်က တကယ်ကို လေးလေးနက်နက် ရည်ရွယ်ထားတယ်ဆိုတာကို ပြသနိုင်တယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ ဒီချဉ်းကပ်ပုံက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071