သက်တော် (၆၁) နှစ်ရှိပြီဖြစ်သည့် ရွှေညဝါဆရာတော်သည် ယနေ့ ဇူလိုင်(၁၀) ရက်တွင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော် အရှင်ပညာသီဟ ခေါ် ရွှေညဝါဆရာတော်သည် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ယနေ့ နံနက် (၂) နာရီ ကျော်တွင် ပျံလွန်ခဲ့ခြင်းဖြစ်သည်။
ဆရာတော်၏ ရုပ်ကလပ်အား မှော်ဘီမြို့နယ်ရှိ ကျောင်းသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး စျာပနအစီအစဉ်ကို အသေး စိတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ပျံလွန် တော်မူသွားတဲ့ ရွှေညဝါဆရာတော်ကိုပျံခါနီးပုံတွေ ကြည့်တော့ လုံးဝ မတူနေတော့ နောက်တပါးပဲ အောင်မေ့ နေတာ၊ အတော် ပိန်သွားတာပဲ ဟု အချို့က မှတ်ချက်ပြုကြသည်။
