Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsရွှေဈေးတက်လာချိန်တွင် အစိုးရက တစ်ကျပ်သား...

ရွှေဈေးတက်လာချိန်တွင် အစိုးရက တစ်ကျပ်သား (၂၅) သိန်းဖြင့် စိန်ရတုလွတ်လပ်​ရေးအထိမ်းမှတ်ရွှေဒင်္ဂါးအသစ်ထုတ်ရောင်း

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းမြင့်တက်လာချိန်တွင် နစက လက်အောက်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်းမှ ရွှေဒင်္ဂါးများကို တစ်ကျပ်သားလျင် (၂၅) သိန်းကျပ် ဈေးဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ ရွှေဒင်္ဂါး အသစ်ထုတ်လုပ်ရောင်းချခြင်းမှာ ဇန်နဝါရီလ (၄) ရက်နေ့က ကျရောက်ခဲ့သည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ဇန်နဝါရီ (၆) ရက်တွင် ထုတ်ပြန်ကြေငြာထားသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အဆိုပါ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရွှေဒင်္ဂါးများကို ဇန်နဝါရီလ (၅) ရက်မှ စတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ယခင် ပုံစံဟောင်းရွှေဒင်္ဂါးများနှင့်အတူ ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။

ဈေးနှုန်းအနေဖြင့် တစ်ကျပ်သားလျင် ၂၅ သိန်းနှုန်း ပေါက်ဈေးရှိပြီး အလျှော့တွက်လက်ခမှာ ၈၀၀၀၀ ကျပ်ဖြင့် တစ်ကျပ်သား ရွှေဒင်္ဂါး တစ်ပြားလျင် ၂၅၈၀၀၀၀ ကျပ်၊ ငါးမူးသား ရွှေဒင်္ဂါး တစ်ပြားလျင် ၁၂၉၂၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်မတ်သား ရွှေဒင်္ဂါး တစ်ပြားလျင် ၆၄၇၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးနေကြောင်း သိရသည်။

လက်ရှိ ပြင်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇၅၀၀၀၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်ရွှေအသင်း၏ ယနေ့ရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားလျင် ၂၁၉၀၀၀၀ ကျပ်ဖြစ်သည်။

အစိုးရ အနေဖြင့် ယခုကဲ့သို့ ရွှေဒင်္ဂါးပြားများ အသစ်သွန်းလောင်းကာ ရောင်းချပေးခြင်းသည် စုဆောင်းလိုသူများအတွက် ရည်ရွယ်ခြင်း ဖြစ်သည့် အတွက် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းကို သိသိသာသာအပြောင်းအလဲ မဖြစ်​စေနိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

” ရွှေဒင်္ဂါးတွေကတော့ စုဖို့အတွက်ပဲပေါ့နော် ။ ပြန်လည်ပြုပြင်ပြီးတော့ သုံးလို့မရဘူး။ပိုက်ဆံလိုပဲပေါ့နော်။ ဖျောက်ဖျက် ဖျက်ဆီးလို့မရဘူး။ ဝယ်ယူတဲ့အခါမှာလည်း မှတ်ပုံတင်တို့ ဘာတို့နဲ့ စည်းစနစ်တကျဝယ်ရတာဆိုတော့ ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ စုလိုတဲ့သူတွေအတွက်တော့ အသုံးဝင်မှာပါ။ တကယ်အသုံးချပြီး အရောင်းအဝယ်လုပ်တဲ့သူတွေအတွက်တော့ မသက်ရောက်ဘူး ပေါ့နော်။  သူကတော့ ဒီဈေး ဖြစ်နေတဲ့အတွက် ဒါကတော့ ဈေးအခံတစ်ခုအနေနဲ့တော့ ဖြစ်သွားမှာပေါ့” ဟု ရန်ကုန်တိုင်းအတွင်းရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း တစ်ကျပ်သား (၃၇) သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ပြင်ပရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် အစိုးရက ရွှေဒင်္ဂါးများ ထုတ်ရောင်းပေးခဲ့ပြီး အဆိုပါ ရွှေဒင်္ဂါးများကို လက်ရှိအချိန်ထိ ဆက်လက်ရောင်းချနေဆဲ ဖြစ်သည်။

၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းအထိ (၂၆) သိန်းကျော်ဖြင့် တည်ငြိမ်နေခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းများသည် ပြီးခဲ့သည့် ဇန်နဝါရီ (၁) ရက်မှစတင်ကာ တစ်ကျပ်သား (၂၇) သိန်း အထက်သို့ ရောက်ရှိကာ ယနေ့ ဇန်နဝါရီ (၇) ရက်အထိ တက်ရိပ်ပြနေဆဲလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071