Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsရွှေဈေးကစားသူများကို သိရှိနိုင်ရန် အတုံး၊...

ရွှေဈေးကစားသူများကို သိရှိနိုင်ရန် အတုံး၊ ရွှေခဲရောင်းဝယ်မှုကို Online Trading ဖြင့် ဆောင်ရွက်မည်

ဈေးကွက်အတွင်း ဈေးကစားသူများကို တိကျစွာသိရှိနိုင်ရန်အတွက် ရွှေအတုံး၊ ရွှေခဲရောင်းဝယ်မှုအား Online Trading ဖြင့် ဆောင်ရွက်ပြီး ဈေးနှုန်းနှင့် ငွေပေးချေမှုများကို စိစစ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

ယမန်နေ့ ဩဂုတ်လ (၁၂) ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေကြေးဈေးကွက်တွင် Online Trading အစီအစဉ်ဆောင်ရွက်သကဲ့သို့ ရွှေတုံး၊ ရွှေခဲရောင်းဝယ်မှုများအတွက် Online Trading အစီအစဉ် ဆောင်ရွက်ရန်လိုအပ်ပြီး ရွှေဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက် အလေးချိန်သတ်မှတ်ချက် စံချိန်စံညွှန်း၊ အရည်အသွေး သတ်မှတ်ချက်စံချိန် စံညွှန်းနှင့် ဈေးနှုန်းသတ်မှတ်တွက်ချက်သည့် လုပ်ငန်းအစီအစဉ်များအတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ်ရှိသူများသာ Online Trading အစီအစဉ်တွင် တရားဝင် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းဝယ်ခွင့်ပြုမည်ဟုလည်း သိရသည်။

ကြီးကြပ်စစ်ဆေးသူများ အနေဖြင့်လည်း ဈေးနှုန်းများ မတည်ငြိမ်စေရန်နှင့် ကမောက်ကမဖြစ်စေရန် ဈေးကစားသူများတွင် ရွှေဆိုင်များပါဝင်နေခြင်း ရှိ/ မရှိ၊ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များနှင့် လိုအပ်သည့် မှတ်ပုံတင်လက်မှတ်များ ရှိ/ မရှိ၊ အမှန်တကယ် တရားဝင်အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးနှုန်းများ၊ ငွေပေးချေသည့် နည်းလမ်းများစသည့်အချက်များကို သေချာစွာစိစစ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြင့်တက်လျှက်ရှိရာ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် (၃၇) သိန်းကျပ်ကျော်အထိ မြင့်တက်နေပြီး ယင်းကဲ့သို့ မြင့်တက်နေရခြင်းမှာ ဒေါ်လာဈေးမတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ပြီးခဲ့သည့် လဆန်းပိုင်းက စတင်ခဲ့သည့် နှစ်သောင်းတန်ငွေစက္ကူသစ် ဂယက်နှင့် အာရှလမ်းသစ်ပျက်စီးမှုကြောင့် ထိုင်း – မြန်မာ ကုန်သွယ်မှုရပ်တန့်စေခဲ့သည့် ဖြစ်စဉ်ဂယက်ကြောင့် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ပေါ်လျှက်ရှိရာ အမေရိကန်ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် မြန်မာငွေ (၃၆၀၀) ကျော်အထိ မြင့်တက်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဒေါ်လာဈေး မြင့်တက်မှုကို အကြောင်းပြကာ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ကာ ရွှေဈေးကစားသူများက ဈေးစွဲတင်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှ အဆမတန် မြင့်တက်လာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ယင်းကဲ့သို့ ရွှေဈေး ကစားသူများ၏ မဟုတ်မမှန်ဈေးနှုန်း ဖော်ပြပြီး အကျိုးအမြတ်ရရှိစေရန် မသမာသော နည်းလမ်းဖြင့် ဆောင်ရွက်နေသူများအား စစ်ဆေးဖော်ထုတ်ပြီး သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာအရေး ယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်ရန်လည်း ဗဟိုဘဏ် ဥက္ကဋ္ဌက အစည်းအဝေးတက်ရောက်လာသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071