Monday, December 29, 2025

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက်...

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ...

မဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံ၏ကောင်းသော...

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်လောင်းများသည် လွှတ်...

ပူတင်နှင့် ထရမ့်တို့ ‘မကြာမီ’ ဖုန်းဖြင့်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်တို့သည် မကြာမီကာလအတွင်း ဖုန်းဖြင့် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်...

ပြင်ဦးလွင်မြို့နယ်၌ ဆန္ဒမဲရလဒ်များအရ USDP ပါတီက...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးအပါအဝင် USDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဥ်ပြိုင်ရွေးချယ်ခံခဲ့သည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ရွေးကောက်ပွဲပြီး၍ မဲဆန္ဒရှင်များပေးထားသော...
HomeNewsLocal Newsရွေးကောက်ပွဲ အပိုင်း (၁)...

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုများအရ USDP က အသာစီးရနေ

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ သိရသည်။

ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်သူ့ပါတီမှာလည်း အပြိုင်အဆိုင်မဲရလဒ်များ ရရှိထားကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ပါတီက နေရာတော်တော်များများမှာ အသာစီးရထားပါတယ်” ဟု USDP မှ ကိုယ်စားလှယ်လောင်းတစ်ဦးကပြောသည်။

ရွေးကောက်ပွဲပထမပိုင်းတွင် ကမာရွတ်၊ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်မြို့နယ်နှင့် အလုံမြို့နယ်တို့ပါဝင်ပြီး ယင်းမြို့နယ်များ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နှင့် ဇန်နဝါရီ (၂၅) ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက် ပိတ်မည်

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ ၄ ) ရက်အထိ တဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့ စနေနေ့ သည် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တို့အကြား ကြားရက်ဖြစ်နေခြင်းခြင်း အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ (၃) ရက်နေ့အစား ဇန်နဝါရီ (၁၀) ရက်နေ့ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။ ဇန်နဝါရီ...

မဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံ၏ကောင်းသော အရွေ့တစ်ခုကိုဝိုင်းဝန်းတည်ဆောက်ကြရန်တိုက်တွန်းခဲ့

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်လောင်းများသည် လွှတ် တော်သုံးရပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ PPP ပါတီ၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးခဲ့ကြသော မဲဆန္ဒရှင်များအားလုံးကိုအထူးကျေးဇူးတင်ဂုဏ် ပြုသည်ဟု ယနေ့ ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ဖော် ပြခဲ့သည်။ ထို့ပြင် PPP ပါတီမှ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင်လည်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ယုံယုံကြည်ကြည်ထောက်ခံအားပေးခြင်းဖြင့် မဲပေးရကျိုးနပ်စေရမည်ကို ကတိပေးသည်ဟုလည်း အသိပေးဖော်ပြခဲ့သည်။ ထို့အတူ ပြည်သူတစ်ရပ်လုံး...

ပူတင်နှင့် ထရမ့်တို့ ‘မကြာမီ’ ဖုန်းဖြင့် ထပ်မံဆွေးနွေးကြဦးမည်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်တို့သည် မကြာမီကာလအတွင်း ဖုန်းဖြင့် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာ ဇလန်းစကီးတို့ ဆွေးနွေးမှုအပြီးတွင် ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များအကြား မည်သည့်အချိန်၌ ဖုန်းဆက်သွယ်မှု ပြုလုပ်မည်နည်းဟု မေးမြန်းရာတွင် "မကြာမီမှာပါ" ဟု သူက ပြန်လည်ဖြေကြားခဲ့သည်။ ထရမ့်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ West Palm Beach အနီးရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် ဇလန်းစကီးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071