လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ကျင်းပမည် ရွေးကောက်ပွဲ အပိုင်း(၁)တွင် မြို့နယ် (၁၀၂) မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယ နေ့ ဩဂုတ်(၂၀)ရက် ညပိုင်းတွင်ထုတ်ပြန်ကြေညာသည်။
ကချင်ပြည်နယ် တွင် (၆)မြို့နယ်၊ကယားပြည်နယ် တွင် (၂) မြို့နယ်၊ကရင်ပြည်နယ်တွင် (၃)မြို့နယ်၊ ချင်းပြည်နယ် တွ င် (၂)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၄)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင်(၈)မြို့နယ် ၊ မကွေးတိုင်းဒေသကြီးတွင် (၉)မြို့နယ်၊မန္တ လေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၃)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် (၁၂)မြို့နယ် ရှမ်းပြည်နယ်တွင်(၁၂)မြို့နယ်၊ဧရာ ဝတီတိုင်းဒေသကြီးတွင်(၈)မြို့နယ် နှင့် နေပြည်တော်တွင် (၈)မြို့နယ် တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေညာချက် အပြည့်အစုံကို နိုင်ငံပိုင်သတင်းစာများတွင်လည်း ထည့်သွင်းဖော်ပြပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုလာမည့် ၂၀၂၅ ဒီဇင်ဘာ(၂၈)ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမည် ရွေးကောက်ပွဲရက်ကိုလည်း ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဩဂုတ်(၁၈)ရက်က အသိပေးထားသည်။
