နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က လုံခြုံရေးသတိ၊ လုံခြုံရေး အသိတို့ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသ ည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလု ပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၂)ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပစဥ် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲစာရင်းမှန်ကန်ရေး အတွက် လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် စိစစ်၊ ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုတဲ့ လုပ်ငန်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာ ဥပဒေ ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ အလေးအနက် ထားပြီးစနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ဝန် ကြီးချုပ်ဦးမျိုးအောင်ကပြောကြားသည်။
ထို့ပြင် လာမည့် ဒီဇင်ဘာလ (၂၈)ရက်မှာ ကျင်းပမည့် ပါ တီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျ င်းပနိုင်ရေး မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အ တည်ပြု လူဦးရေစာရင်း တိကျမှန်ကန်ရေး လုပ်ဆောင်ကြရန်လည်း ဝန်ကြီးချုပ်က ဆိုသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအ လိုက် ရှင်းလင်းတင်ပြကြရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
