Tuesday, June 24, 2025

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂...

ကမ္ဘောဒီးယားနှင့် နယ်စပ်ကို ထိုင်းစစ်တပ်က ပိ-တ်လိုက်ပြီ

ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။ ပထမစစ်တိုင်းဌာနနှင့်...

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည်...

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...
HomeNewsLocal Newsရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်ဆောင်ရွက်နေချိန် နှောင့်နှေးကြန့်ကြာမူဖြစ်စေသည့် ဒီမိုကရေစီအမည်ခံ...

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်ဆောင်ရွက်နေချိန် နှောင့်နှေးကြန့်ကြာမူဖြစ်စေသည့် ဒီမိုကရေစီအမည်ခံ ပြည်တွင်းအဖျက်သမားများနှင့် ပြည်ပလက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ဖျက် ချေမှုန်းသွားမည်ဟုဆို

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်၏ အမျိုးသားရေးမူဝါဒအဖြစ် အမြဲ ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေး ကာကွယ်စောင့်ရှောက်ကြရန် တပ်မတော်သားများအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်သည်။

မတ်လ (၂၇) ရက်က ကျရောက်သည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် တက်ရောက် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခြေအနေများအရ တပ်မတော်၏ အင်အားချိနဲ့နေပြီဟု ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေသော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကို အင်အား‌တောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်မည်ဟု ယမန်နေ့ညက ကျင်းပသည့် စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင်လည်း နည်းပညာအခြေပြုသည့် ခေတ်မီတပ်မတော် ဖြစ်ရေးကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့သည်။

ထို့အပြင် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အရန်တပ်ဖွဲ့ ဥပဒေတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုကြောင့် တိုင်းပြည်၏ ကာကွယ်ရေး အင်အားမှာ အထိုက်အလျောက် မြင့်တက်လာမည်ဟုလည်း ၎င်းကဆိုသည်။

ယင်းမှတဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွင် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာ ဖူလုံရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူ လူထုတို့နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်ဆောင်ရွက်နေချိန် နှောင့်နှေးကြန့်ကြာမူဖြစ်စေသည့်ဒီမိုကရေစီအမည်ခံ ပြည်တွင်းအဖျက်သမားတွေနဲ့ ပြည်ပလက်ဝေခံ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ဖျက် ချေမှုန်းသွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အတွက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်သွားမည်ဟုလည်း ယမန်နေ့ညပိုင်းက ပြုလုပ်သည့် တပ်မတော်နေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့် သွင်းပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ တွေ့ရှိရသော စာရင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ ဝမ်းပျ-က်ဝမ်းလျှောရောဂါ သာမန်ဖြစ်ပွါးသူလူဦးရေ ၆၀ ရှိနေပြီး ပဲခူးတိုင်းတွင်မူ ပြင်းထန်အဆင့်ဖြစ်ပွါးသူ နှစ်ဦး ရှိနေသည်။ မိုးဦးကျကာလဖြစ်သည့်အတွက် ယင်းကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တို-က်တွန်း နှိုးဆော်ထားသည်။ ဝမ်းပျ-က်ဝမ်းလျော ရောဂါဖြစ်ခြင်းသည် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှတဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေဖြင့်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ကို ထိုင်းစစ်တပ်က ပိ-တ်လိုက်ပြီ

ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။ ပထမစစ်တိုင်းဌာနနှင့် ဒုတိယစစ်တိုင်းဌာနတို့သည် ဘူရီရမ်၊ ဆာကာအို၊ စီဆာကက်နှင့် ဥဘုံရတ်ချာဌာနီပြည်နယ်များရှိ နယ်စပ်တလျှောက်တွင် စီမံချက်ကို အကောင်အထည်ဖော်ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စီမံချက်အရ ယာဉ်အားလုံး နယ်စပ်ကို ဖြတ်သန်းခြင်းအား ပိ-တ်ပင်ထားသည်။ ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွားများအပါအဝင် နိုင်ငံခြားသားများ ခရီးသွားလာခြင်းနှင့် ကုန်သွယ်မှုပုံစံအားလုံးကိုလည်း တားမြစ်ထားသည်။ အရေးပေါ်လူနာများ၊ ကျောင်းသားများနှင့်...

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည် အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်သည့် စစ်ရေးပြချီတက်ပွဲအတွင်း တပ်ဖွဲ့ဝင်များကို သမ္မတ ရှီကျင့်ဖျင်က စစ်ဆေးသွားမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သည့်ရှီသည်စစ်ရေးပြပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ စစ်ရေးပြချီတက်ပွဲတွင် စစ်သည်များ၊ သံချပ်ကာစစ်ကြောင်းချီတက်ခြင်း၊ လေကြောင်း စုဖွဲ့ပျံသန်းခြင်းနှင့် မောင်းသူမဲ့လေယာဉ်များ၊ ထောက်လှမ်းရေးကိရိယာများအပါအဝင် တို-က်ပွဲဝင်တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းအသစ်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071