Monday, December 29, 2025

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။ လက်ရှိ...

လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃)...

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း...

ရွေးကောက်ပွဲ အပိုင်း (၁) တွင်...

ဒီဇင်ဘာ (၂၈) ရက်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရေတွက်မှုရလဒ်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အသာစီးရနေကြောင်း မဲရေတွက်မှုရလဒ်များအရ...
HomeNewsLocal Newsရွေးကောက်ပွဲသည် ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေဟု...

ရွေးကောက်ပွဲသည် ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေဟု UEC ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲသည် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်မှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ဒီမိုကရေစီ၏တန်ဖိုးများကိုပေါ်လွင်ထင်ဟပ်စေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

UEC ဥက္ကဋ္ဌမှ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁) အား လာရောက်လေ့လာခဲ့သည့် နိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဒီဇင်ဘာ ၂၈ ရက်ညနေပိုင်းက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် အရေးကြီးသည့်မှတ်တိုင်တစ်ခုဖြစ်ကာ မဲဆန္ဒရှင်များက မိမိမဲပေးပိုင်ခွင့်ကိုအသုံးပြုပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြကာ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များမှလည်း ရွေးကောက်ပွဲကျင်းပသည့်လုပ်ငန်းစဉ်တစ်လျှောက် ဘက်မလိုက်ဘဲ စောင့်ကြည့်လေ့လာခဲ့ကြသည်ကို အထူးကျေးဇူးတင်သည်ဟု ပြောသည်။ 

“အဆွေတော်တို့ရဲ့ စောင့်ကြည့်လေ့လာမှုတွေဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုတွေကိုခိုင်မာစေရုံသာမက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲဆန္ဒရှင်တွေနဲ့ ရွေးကောက်ပွဲမှာပါဝင်သူအားလုံးအတွက် ယုံကြည်မှုကို ခိုင်မာစွာတည်ဆောက်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်” ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရာတွင် အထောက် အကူဖြစ်စေမည့် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကောင်းမွန်သည့်လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုစောင့်မျှော်နေမည်ဖြစ်ကာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်မှုသည် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အရွေ့တစ်ခုကို ဖော်ဆောင်နိုင်မည်ကိုယုံကြည်သည်ဟု UEC ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားခဲ့သည်။

ထို့နောက် UEC ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်

ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) ၌ ပြည်သူ့ရှေ့ဆောင်ပါတီ ရှုံးနိမ့်ခဲ့ကြောင်း အဆိုပါ ပါတီမှ သိရသည်။ လက်ရှိ မဲရလဒ်အခြေအနေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အနိုင်ရရှိနေ‌ကြောင်းလည်း သိရသည်။ "ကျွန်တော်တို့ မနိုင်ပါဘူးဗျ တစ်နေရာမှ။ အပိုင်း (၁) ရဲ့အတွေ့အကြုံကိုယူပြီး အပိုင်း (၂) နဲ့ (၃) မှာ ဒီထက်ကောင်းအောင် ကြိုးစားဖို့အတွက် ဆောင်ရွက်နေပါတယ်။ တခြားတိုင်းတွေမှာလည်း မနိုင်ပါဘူးခင်ဗျ။ USDP ပဲနိုင်တဲ့သဘောမှာရှိတယ်လို့ ကြားပါတယ်။ ၉၅...

လင်းခေးမြို့တွင် ကျားဖြူပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ / SNDP) မှ စိုင်းဆေဟန် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ ပါတီမှသိရသည်။ ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ထွန်းကို အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "မန္တလေးက မြို့နှစ်မြို့နဲ့ ရှမ်းပြည်က တစ်မြို့ ကျွန်တော်တို့အနိုင်ရထားပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်က မန္တလေးမှာ နှစ်နေရာနိုင်ထားတယ်။ သူကတစ်တိုင်းလုံးပြန်ပေါင်းမှာ။ တစ်တိုင်းလုံးနိုင်မှ တတ်မှာ။ လင်းခေးမြို့ကတော့ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရတာပါ" ဟု ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ / SNDP)...

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းအတွက် မဲရုံ စုစုပေါင်း (၃၇၈၄) ရုံ ဖွင့်လှစ်မည်ဖြစ်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄,၉၃၈,၈၂၃) ဦးရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း မဲရုံ (၁၃၁၃) ရုံ ဖွင့်လှစ်ပြီး မဲပေးမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိကြောင်း သိရသည်။ ထို့အတူ နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071