လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား
နှောင့်ယှက်ဟန့်တားစေနိုင်သည့် အနုပညာရှင်(၃)ဦးကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျ-က်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့်အရေးယူခဲ့ကြောင်း သိရသည်။
ဒါရို-က်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့သည် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ခဲ့ကြသောကြောင့်အရေးယူကြောင်း သိရသည်။
၎င်းတို့အနက် ဒါရို-က်တာ မိုက်တီး(ခ)သန်းထွန်းဇော်သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့်အရေးယူခံရကာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်ကလွတ်ငြိမ်းခွင့်ရခဲ့သူဖြစ်၍ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူခံရမှုတွင် ယခင်လွတ်ငြိမ်းခွင့်ပြုခဲ့သော ပြစ်ဒ-ဏ်အားပြန်လည်ကျခံစေရေးဥပဒေတို့နှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
