ရွေးကောက်ပွဲအကြိုကာလ၊ရွေးကောက်ပွဲကာလ၊နှောင်းပိုင်းကာလ ကာလသုံးပိုင်းလုံး၌ ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ချက်များ ပြည်သူလူထုကို အသိပေးရမည့်အကြောင်းအရာများကို အသိပေးနိုင်ရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော် မရှင် ဥက္ကဌ ဦးကိုကို ကပြောသည်။
ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ က ကော်မရှင် နှင့် သတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ချိန်မှာ ဦးကိုကို ကပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မည်သည့်ပါတီကိုမှဘက်မလိုက်ဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းမီဒီယာကောင်စီအနေဖြင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း သိရသည်။
ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲလမ်းညွှန်စာအုပ်ကို ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်လိုသည့်အချက်များကို ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။