Monday, June 23, 2025

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ...

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကို သို့သွားရောက်မည်

ဇွန် ၂၁ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဗတ်စ် အာရာ့ခ်ချီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၃ ရက် တနင်္လာနေ့တွင် မော်စကိုသို့ သွားရောက်ရန်...

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင်...

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊...
HomeNewsLocal Newsရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များအထမြောက်စေရေးဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်များအထမြောက်စေရေးဆောင်ရွက်မည်

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်များအထမြောက်စေရေးအတွက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၃ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို အမြန်ဆုံးပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူပြီးသည့်အတွက် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဟု နစကဥက္ကဌက ထည့်သွင်းပြောကြားသည်။

ထို့ပြင် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေးအတွက် ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေးကိုဆောင်ရွက်လျက်ရှိကာ ယင်း Electronic Voting Machine ဖြင့်မဲပေးခြင်းသည် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်သည်ဟု ပြောသည်။

” ရွေးကောက်ပွဲကျင်းပပြီးချိန်မှာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေခေါ်ယူရာမှာ လွှတ်တော်အထမြောက်စေဖို့အတွက်ဆောင်ရွက်ကြရပါမယ်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ကို အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပါမယ်” ဟု နစက ဥက္ကဋ္ဌကမှာ ကြားသည်။

ထို့အတူ ဆန္ဒမဲပေးရာ၌ ဒေသနှင့် နိုင်ငံတော်၏အကျိုးကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ရန်လိုကာ တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ဆွေးနွေးရန် တနင်္ဂနွေနေ့တွင် လုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။ ဆုံးဖြတ်ချက်အပေါ် မည်သည့်အချိန်တွင် မဲခွဲဆုံးဖြ-တ်မည်ဆိုသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ အစ္စရေးက အီရန်ကို တို-က်ခို-က်ခဲ့မှုများအတွင်း ေ-သဆုံးသူ ၈၆၅ ဦးနှင့် ဒဏ်ရာရသူ ၃,၃၉၆ ဦး ရှိခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်မူကြမ်းစာသားကို သုံးနိုင်ငံက ဖြန့်ဝေထားကြောင်း...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ (၆,၁၁၀) ကျပ်ဖြစ်ပြီး ဇွန်လ (၂၃) ရက်မှ (၂၉) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (၆,၀၈၀) ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း...

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကို သို့သွားရောက်မည်

ဇွန် ၂၁ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဗတ်စ် အာရာ့ခ်ချီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၃ ရက် တနင်္လာနေ့တွင် မော်စကိုသို့ သွားရောက်ရန် စီစဉ်ထားသည်။ ယခုသတင်းကို အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်စကားပြောခွင့်ရခဲ့‌သော အင်န်ဘီစီ သတင်းစာဆရာ အန်ဒရီရာ မစ်ရှယ်လ်က အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဇွန်လ ၁၃ ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် အီရန်၏နျူကလီးယားအစီအစဉ်ကို ဖျ-က်ဆီးရန် ရည်ရွယ်သည့် လေကြောင်းစစ်ဆင်ရေးတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ တို-က်ခို-က်မှုတွင် အစ္စရေးလေတပ်သည် နျူကလီးယား အခြေခံ အဆောက်အဦးများ၊ ယူရေနီယံ သန့်စင်ရေးစက်ရုံများနှင့် စစ်အခြေစိုက်စခန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071