Tuesday, June 10, 2025

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက...

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...
HomeNewsLocal Newsရွေးကောက်ပွဲကျင်းပခြင်းသည် တိုင်းပြည်ငြိမ်ချမ်းရေးအတွက် တစ်ခုတည်းသော...

ရွေးကောက်ပွဲကျင်းပခြင်းသည် တိုင်းပြည်ငြိမ်ချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းလားဟု အာဆီယံ အထူးကိုယ်စားလှယ် မေးခွန်းထုတ်

ရွေးကောက်ပွဲကျင်းပခြင်းသည် တိုင်းပြည်ငြိမ်ချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းလားဟု အာဆီယံ အထူးကိုယ်စားလှယ် မေးခွန်းထုတ်

၂၀၂၃ ရွေးကောက်ပွဲ ကျင်းပခြင်းသည်သာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အခြားနည်းလမ်းမရှိတော့ဘူးလားဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က နစက ထိပ်ပိုင်း ခေါင်းဆောင်းများကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

ဇွန်လ နောက်ဆုံးပတ်အတွင်းက မြန်မာနိုင်သို့ လာရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်အတွင်း နစက ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် အဆိုပါ မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ် ကြောင်း ၎င်း၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာတွင် အာဆီယံ အထူးကိုယ်စားလှယ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒီနေရာမှာ တစ်ခုမေးစရာရှိတာက ရွေးကောက်ပွဲလုပ်တာ တစ်ခုတည်းကပဲ ပြဿနာကိုပြေလည်ပြီးငြိမ်းချမ်းစေမှာလား။ ငြိမ်းချမ်းရေးရဖို့ရော တစ်ခြားနည်းလမ်းမရှိဘူးလား” ဟု မေးခွန်းထုတ်ခဲ့ကြောင်း မစ္စတာ ပရပ်ဆွန်ခွန်းက ပြောသည်။

အကယ်၍ ရွေးကောက်ပွဲသည် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော အဖြေဆိုပါက အဆိုပါ ရွေး ကောက်ပွဲကို အားလုံးပါဝင်နိုင်ပြီး လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မည်သို့ လုပ်ဆောင်မည်ကိုလည်း မေးခွန်းထုတ်လိုကြောင်း ၎င်းကဆိုသည်။

နစက အနေဖြင့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရှိကျင်းပသွားမည်ဟု အာဆီယံ ကိုယ် စားလှယ်ထံ ကတိကဝတ်ပြုခဲ့ကြောင်းလည်း ၎င်း၏ အ စီရင်ခံစာအရ သိရသည်။

ထို့အပြင် တိုင်းပြည်ပုံမှန်ပြန်ဖြစ်ရန် ထွက်ပေါက်အဖြစ်ကျင်းပမည့် အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရသူအား အာဏာလွှဲပြောင်းပေးမည်လည်း ကတိပြုခဲ့​ကြောင်း သိရသည်။

နစက အနေဖြင့် ယင်းကဲ့သို့ ကတိကဝတ်ပြုသော်လည်း ပြည်သူလူထုအများစုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဆန္ဒမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံ၍ အစိုးရသစ် ပြန်လည်ခန့်အပ်စေလိုသည့် ဆန္ဒရှိကြကြောင်း အာ ဆီယံ အထူးကိုယ်စားလှယ်က ဆိုသည်။

သို့သော် ယင်းလိုလားချက်သည် လက်ရှိဖြစ်ပေါ်နေသည့် တိုင်းပြည် မတည်ငြိမ်မှုကို ပိုမိုကြာမြင့်အောင် တွန်းအားပေးနေသည်ဆိုသည့်ဟု နစကဖက်တွင် စိုးရိမ်မှုများရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

နစက အစိုးရအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားရန် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အ ဆိုပါ ရွေးကောက်ပွဲကို PR စနစ် ကျင့်သုံးသွားမည် ဖြစ် ကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ပထမဆုံးအကြိမ်အဖြစ် လျှော့ချလိုက်ခြင်းဖြစ်သည်ဟု တနင်္လာနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားခဲ့ ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများကဗီဇာသက်တမ်းကိုအပြန်အလှန်လျှော့ချ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက...

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့် ဖုန်းခေါ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် မတ်စ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ်တမ်း မစဉ်းစားရသေးပါဘူး။ သူကတော့ ကျွန်တော်နဲ့ စကားပြောချင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ “သူ ဖုန်းခေါ်ထားပြီးပြီလားမသိဘူး။ သူဖုန်းခေါ်ထားပြီးပြီလားဆိုတာကို သူ့ကိုပဲ မေးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပြဿနာမရှိပါဘူး” လို့လဲ ထရမ့်မ်က ထပ်ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ဖုန်းခေါ်ဆိုမှုကို...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။ ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။ ကာဒီနာလေတပ်စခန်း၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071