Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို...

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်...

IRON CROSS အဖွဲ့၏ ပင်တိုင်...

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ...
HomeNewsLocal Newsရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်းမပေးခြင်းသည် လူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး...

ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးခြင်းမပေးခြင်းသည် လူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏ တာဝန်ပင်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၆ ရက်က ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကျင်းပချိန်မှာ မဲပေးခြင်းမပေးခြင်းက လူတစ်ဦးချင်းရဲ့ဆန္ဒဖြစ်ပါတယ်၊ လူတိုင်းမဲပေးနိုင်အောင်ပြုလုပ်ပေးခြင်းက အစိုးရရဲ့တာ ဝန်ပဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊အကြပ်ကိုင်မှု၊ဖိအားပေးမှုကင်းရှင်းစွာ တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် မိမိတို့ဆောင်ရွက် သွားမည်ဟု ဆိုသည်။

“တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်း မဲစာရင်းတွေတိကျမှန်ကန်ဖို့ လူတိုင်းမဲပေးနိုင်ဖို့ကို ဆောင်ရွက်သွားကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယင်းကိစ္စများဆောင်ရွက်ရန် ကျန်ရှိသည့်အချိန်တွင် ကြိုးပမ်းကြရန်လိုပြီးဖြစ်ပေါ်လာသည့် အခြေအနေနှင့်တိုးတက်မှုများအပေါ်မူတည်၍ ရွေး ကောက်ပွဲကိစ္စကို ထပ်မံသုံးသပ်ရမည်ဖြစ်ပြီး စနစ်တကျအားထည့်ကြိုးပမ်းရန်လိုသည်ဟုဆိုသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများကို သင်ခန်းစာယူကာ မဲစာရင်းများမှန်ကန်မှုရှိရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့် မဲစာရင်းသည် ၂၀၁၄ ခုနှစ်တွင်ကောက်ယူရရှိခဲ့သည့်သန်းခေါင်စာရင်း ပေါ်တွင် မူတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလဆိုသည်။

“စာရင်းဇယားတိကျမှုရှိတယ်၊ လာမယ့်ရွေးကောက်ပွဲမှာလည်း စာရင်းဇယားမှန်ကန်စေရေးဟာ အဓိကဖြစ်ပါတယ် ဒါ့ကြောင့် စာရင်းဇယားတွေ မှန်ကန်မှုရှိစေဖို့ အခုချိန်တည်းကဆောင်ရွက်ရမှာဖြစ်ပါတယ် လိုအပ်လာရင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး စာရင်းဇယားတွေ တိကျမှန်ကန်မှုရှိစေဖို့ ဆောင်ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄% မှာ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျ-က်စီးနေ

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ "ဂါဇာကမ်းမြှောင်ရှိ ဆေးရုံ ၃၆ ခုအနက် ၁၉ ခုသာ ဆက်လက်လည်ပတ်နေပြီး၊ ကျန်ရှိနေသေးသည့် လူနာများအတွက် အခြေခံစောင့်ရှောက်မှုပေးနေသည့် ထောက်ပံ့ရေးပစ္စည်း ပြတ်လပ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ လုံခြုံရေး မတည်ငြိမ်မှုများ နှင့် ‌ေ-သဆုံးဒဏ်ရာရသူများ တိုးပွားလာမှုတို့ကြောင့် ဝန်ထမ်းများသည်...

ငလျင်သင့်ဒေသ မသန်စွမ်းသူ (၂၀၀) ကျော်ကို ထောက်ပံ့မှုများပြုလုပ်သွားမည့် ရွှေမင်းသားဖောင်ဒေးရှင်း

မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်းရှိ ငလျင်ဒဏ်သင့် မသန်စွမ်းအိမ်ထောင်စု (၂၁၀) အတွက် ယနေ့ မေ(၂၃)ရက်နှင့် မေလ(၂၄)ရက်တို့ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ငလျင်သင့်ဒေသများအတွင်း အထောက်အကူပြုပစ္စည်းလိုအပ်သော မသန်စွမ်းသူများ အမြန်ဆက်သွယ်ကြရန် နှိုးဆော်ထားသည်။ မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးပေါင်း၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ကိတ်ခြောက်၊ ပန်းကန်လုံး/ပြား၊ ဇွန်း၊ အိမ်သုံးဆေးဝါး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်ပြီးမသန်စွမ်းသူများ၏ လိုအပ်ချက်ပေါ်မူတည်၍ မသန်စွမ်းအထောက် အကူပြုပစ္စည်းများ၊ Tent များနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071