ရွေ့ပြောင်းသွားလာသူများနှင့်နေရပ်ပြန်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအ ညီများပေးနိုင်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်တို့ဆွေးနွေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်တို့ သြဂုတ် ၂ ရက်က တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဥ် ကရင်ပြည်နယ်အတွင်းရှိ အကူ အညီလိုအပ်သူများအတွက် မီးဖိုချောင်သုံးပ စ္စည်းများ၊ခြင်ထောင်၊အမျိုးသမီးသုံးပစ္စည်း စသည့် အစားအစာမဟုတ်သည့် ပစ္စည်းများဖြန့်ဝေပေးခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။
အလားတူ ရွေ့ပြောင်းသွားလာသူများနှင့်နေရပ်ပြန်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ပညာရေး၊ကျန်းမာ ရေး၊စားဝတ်နေရေးဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးခဲ့ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။