ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ် ကွက်၊ ရွာသစ်ကားမှတ်တိုင် အနီးတွင် YBS (131) ယာဉ်လို င်းမှ ယာဉ်တစ်စီးက လမ်းဖြတ်ကူးသူ သားအမိအမျိုးသမီး (၂)ဦးအား ဝင်ရောက်တိုက်မိခဲ့သည့်အတွက် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
မေလ (၁၄)ရက်၊ ည (၈)နာရီခွဲ အချိန်ခန့်က တညင်းကုန်းရပ် ကွက်၊ (360) ဆီဆိုင်နှင့် ရွာသစ်မှတ်တိုင်အနီးတွင် တညင်းကုန်းဘက်အခြမ်းမှ မြို့ထဲဘက်သို့ အသွားလမ်းတွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
“တညင်းကုန်းကျောင်းတိုက်အရှေ့ (360)ဆီဆိုင်နဲ့ ရွာသစ်မှတ်တိုင်အနီးမှာ တညင်းကုန်းဘက်ကနေ မြို့ထဲဘက် အ တက်ခြမ်းမှာ YBS 131 ယာဉ်တစ်စီးက လမ်းဖြတ်ကူးတဲ့ အ မျိုးသမီး သားအမိ (၂) ဦးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ ဖြစ်စဉ်နေရာမှာပဲ အသက်ဆုံးရှုံးသွားလို့ ရုပ်အလော င်းကို သေချာထုတ်ပိုးပြီး အင်းစိန်ရေခဲ တိုက်ကို ပို့ဆောင်ထားရှိပါတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့က ဆိုထား သည်။
အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး(၂) ဦး၏ ရုပ်အလောင်း (၂)လောင်းများအား စနစ်တကျ ထုတ်ပိုး၍ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်သို့ တွဲလက်လူမှုကူ ညီရေးအ ဖွဲ့နှင့် ပြန်လည်ရှင်သန်ရေးအသင်းတို့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
