လီယွန်နယ်မက်ဆီဟာ သူ့ရဲ့အစဉ်အလာပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်တက်ပြီး ဥရောပ ကလပ်သွင်းဂိုး အများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
PSG နဲ့ နိုက်စ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ မက်ဆီဟာ ၁ ဂိုး သွင်းယူနိုင်ခဲဲ့ပြီး သွင်းဂိုး ၇၀၂ ဂိုးနဲ့ ဥရောပ မှာ ကလပ်အသင်း သွင်းဂိုး အများဆုံး ကစားသမားဖြစ်လာတာလည်းဖြစ်ပါတယ် ။
မက်ဆီဟာ ဥရောပ ၈၄၁ ပွဲကစားပြီးချိန်မှာ ရဂိုး ၇၀၂ ဂိုး နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဥရောပပွဲ ၉၄၉ ပွဲကစား ရဂိုး ၇၀၁ ဂိုး ကိုကျော်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
PSG မှာ ဂိုးပေါက်ပျောက်နေတာကြာပြီဖြစ်တဲ့ မက်ဆီဟာ သူ့ရဲ့ ဂိုးပေါက်ပျောက်နေမှုတွေကလည်း အဆုံးသတ်နိုင်ခဲ့ပြီး နောက်ထပ် ဂိုးတွေ ထပ်သွင်းနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


