Saturday, February 14, 2026

မြန်မာနိုင်ငံအနေဖြင့် ၁၈ နှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု...

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆုပေါင်း...

“ထိုက်သူပန်”အဆင့်မြင့်အဝေးပြေးခရီးသည်တင် ယာဥ်လိုင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လိုက်ပါစီးနင်းသည့် ခရီးသွားများကို...

"ထိုက်သူပန်"အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့်ယာဥ်ဖြင့်လိုက်ပါမည့် ခရီးသွားများကို ခြုံစောင်များပေးဝေလှူဒါန်းခဲ့သည်။ " ဒီ "ထိုက်သူပန်"အဆင့်မြင့်ယာဥ်လိုင်းဖွင့်ပွဲအထိမ်း...

ငလျင်ကြောင့် ထိခို-က်ခဲ့သည့် အဆောက်အအုံပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ...

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မန္တလေးနန်းမြို့ရိုး နှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဆောင်ရွက်သည့် လုပ်ငန်းများအလိုက် ဆောင်ရွက်ကြရသည့် အချိန်ကာလအတွင်းပြီးစီးရေး အလေးထား...

မေတ္တာညွှန့်ရပ်ကွက်မီးလေ-ာင်ပြင်မှ ကြောင်ပေါက်လေးတစ်ကောင်ကို ကယ်ထုတ်ပေးနိုင်ခဲ့

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၁)လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက်ည ၈ နာရီ ၄၇ မိနစ်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်...
HomeNewsLocal Newsရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ (၅၇)ပါတီအနက် နိုင်ငံရေးပါတီ(၃၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်(၁)ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များလွှတ်တော်အတွင်းကိုယ်စားပြုခွင့်ပိုမိုရရှိလာကာ ရော နှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMP) ကျင့်သုံးခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်ပါ တီအရေအတွက်လည်းမြင့်မားလာသည်ဟု ပြောသည်။

” ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးသွားပေမယ့် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်တဲ့ အမြဲတမ်းရှင်သန်နေတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်စေဖို့ဆောင်ရွက်တာ၊ ကျင်းပပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေများကိုလည်းပြန်လည်သုံးသပ်နေပါတယ်”ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

ထို့ပြင် ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေးအပါအဝင် လိုအပ်ချက်များကိုပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပပေးမည့်အချိန်တွင် အဆင်သင့်ဖြစ်စေရေး၊ နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်များနှင့် စဉ်ဆက်မပြတ်ထိတွေ့နေရန်လိုအပ်သည်ဟု ပြော သည်။

ထို့အတူ ကိုယ်စားလှယ်ရွေးချယ်မခံရသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ပြင်ပအမျိုးသားနိုင်ငံရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူ လူထုအကျိုး၊ မဲဆန္ဒရှင်များ၏အကျိုးကိုဆောင်ရွက် ပေးခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကိုရရှိအောင်ဆောင်ရွက်ရမည်ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် ၁၈ နှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု ၁၅၈ ဆုကို နှစ်အလိုက်ရရှိထားဟုဆို

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆုပေါင်း ၁၅၈ ဆုကို နှစ်အလိုက် ရရှိထားကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ သိရသည်။ လက်ရှိအချိန်အထိ စုစုပေါင်း စံနှုန်း(၁၁)ခုအထိ အတည်ပြုထားကာ သက်ဆိုင်ရာစံနှုန်းများအလိုက် ဆုပေးအပ်ခြင်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် ၂၀၂၆ တွင် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့မှ အာဆီယံခရီးသွားလုပ်ငန်း...

“ထိုက်သူပန်”အဆင့်မြင့်အဝေးပြေးခရီးသည်တင် ယာဥ်လိုင်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လိုက်ပါစီးနင်းသည့် ခရီးသွားများကို ခြုံစောင်များပေးဝေလှူဒါန်း

"ထိုက်သူပန်"အဆင့်မြင့် အဝေးပြေးခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့်ယာဥ်ဖြင့်လိုက်ပါမည့် ခရီးသွားများကို ခြုံစောင်များပေးဝေလှူဒါန်းခဲ့သည်။ " ဒီ "ထိုက်သူပန်"အဆင့်မြင့်ယာဥ်လိုင်းဖွင့်ပွဲအထိမ်း အမှတ်အဖြစ် ကားလက်မှတ်ဝယ်ရခက်တဲ့ အခုလို ရုံးရက်ရှည်ပိတ်ရက်မှာ ခရီးသွားတွေစိတ်ချမ်းချမ်းသာသာနဲ့သွားလို့ရအောင် ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ယာဥ်စီးခအခမဲ့အနေနဲ့ပြေးဆွဲပေးပါတယ်။ ယာဥ်လိုင်းက ရန်ကုန်-နေပြည်တော်-မန္တလေး- လားရှိုး-မူဆယ်ပါ။ မူဆယ်/လားရှိုးကတော့လောလော ဆယ်ဆယ်မပြေးဆွဲနိုင်သေးပါဘူး"ဟု ယာဥ်လိုင်းတည်ထောင်သူ ဦးစိုးလှမြင့်ကပြောသည်။ ဖေဖော်ဝါရီ ၁၃ ရက်ညနေ ၅ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ထွက်ခွာမည့်...

ငလျင်ကြောင့် ထိခို-က်ခဲ့သည့် အဆောက်အအုံပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန်လို

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် မန္တလေးနန်းမြို့ရိုး နှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဆောင်ရွက်သည့် လုပ်ငန်းများအလိုက် ဆောင်ရွက်ကြရသည့် အချိန်ကာလအတွင်းပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန်​ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ကပြောသည်။ ယမန်နေ့က မန္တလေးနန်းမြို့ရိုးပြုပြင်ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ညိနှိုင်းပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အထက်ပါအတိုင်း ​ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူးက မန္တလေးနန်းမြို့ရိုး ပြုပြင်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အင်းဝမြို့ဟောင်းရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071