ကိုလံဘို၊ဖေဖော်ဝါရီ ၃
သီရိလင်္ကာရေတပ်က ၎င်း၏ရေပိုင်နက်အတွင်းကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသည့် အိန္ဒိယငါးဖမ်းလှေတစ်စင်းမှ ငါးဖမ်းသမား ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
သီရိလင်္ကာနိုင်ငံမြောက်ပိုင်း၌ တနင်္ဂနွေနေ့ညကပြုလုပ်ခဲ့သည့် အထူးစစ်ဆင်ရေးတစ်ခုအတွင်း ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းလည်း ရေတပ်ကပြောကြားခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် လှေနှင့် ရေလုပ်သားများကို ငါးလုပ်ငန်းဌာနအရာရှိများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရအရေးယူရန် ပြင်ဆင်နေသည်ဟုလည်းရေတပ်ကပြောကြားခဲ့သည်။
သီရိလင်္ကာရေတပ်သည် ယခု ၂၀၂၅ ခုနှစ်အတွင်းတွင်ပင် အိန္ဒိယငါးဖမ်းသမား ၇၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေတပ်အချက်အလက်များအရသိရသည်။
ပြည်တွင်းငါးဖမ်းလှေများအပေါ် အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားကာ ပြည်ပငါးဖမ်းလှေများ၏ တရားမဝင်ငါးဖမ်းခြင်းများကို တားဆီးရန် သီရိလင်္ကာရေတပ်က ရေပြင်တွင် ပုံမှန်ကင်းလှည့်ခြင်းနှင့် စစ်ဆင်ရေးများလုပ်ဆောင်နေသည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
